မြောက်ကိုရီးယားထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခြင်းအပေါ် အမေရိကန်နှင့် အပေါင်းပါများက ဝေဖန်ခဲ့

ဒီဇင်ဘာ ၂

       မြောက်ကိုရီးယား ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခြင်းအပေါ် အမေရိကန်နိုင်ငံနှင့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီက အထိန်းအချုပ်ကင်းမဲ့စွာ ဝေဖန်ခဲ့ခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီ အကြီး အကဲ ကင်ယိုဂျောင်က ပြစ်တင်ပြောကြားခဲ့သည်။

       ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို တိတိကျ ကျလိုက်နာဆောင်ရွက်ရန် တာဝန်ရှိသည့်အပြင် ယခုကဲ့သို့ စည်း ကမ်းမဲ့ ဝေဖန်ခဲ့ခြင်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ တရားဝင်အခွင့်အရေးများကို ထိပါးခြင်းဖြစ်ကြောင်းနှင့် အမေရိကန်နှင့် အင်အားကြီးအနောက်နိုင်ငံများ၏ တရားမျှတမှုမရှိသည့် မူဝါဒများကို လက်သင့်မခံကြောင်း ၎င်းကပြောကြားသည်။ မြောက်ကိုရီးယားနိုင်ငံက ထောက်လှမ်းရေးဂြိုဟ်တုလွှတ်တင်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပခဲ့ရာတွင် ၎င်းအစည်း အဝေး ၌ အမေရိကန်နှင့် နောက်လိုက်နိုင်ငံများက ကျိုး ကြောင်း ညီညွတ်မှုမရှိသည့် တောင်းဆိုချက်များကို တောင်းဆိုကာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ထိပါးခဲ့ကြောင်း ကင်ယိုဂျောင်က ထပ်လောင်းပြောကြားသည်။ မြောက်ကိုရီးယား၏ အာကာသဆိုင်ရာထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခဲ့ရာတွင် ၎င်းဂြိုဟ်တုဖြင့် အမေရိကန် ၏ စစ်စခန်းများကို စောင့်ကြည့်ခဲ့ကြောင်း ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်ကိုယ်စားလှယ် လင်ဒါသောမတ်စ်ဂရင်းဖီး၏ ပြောကြားချက်အပေါ် တုံ့ပြန်သောအားဖြင့် အမေရိကန်နိုင်ငံဘက်မှလည်း ကိုရီးယားကျွန်းဆွယ်တွင် ရေငုပ် သင်္ဘောနှင့် လေယာဉ်တင် သင်္ဘောများကို ထားရှိတပ်စွဲခဲ့ကြောင်း ၎င်းက ဝေဖန်ပြောကြားသည်။ အမေရိကန်၏ ယခုကဲ့သို့ တရားမျှတမှုမရှိသည့် စံနှုန်းများဖြင့် မြောက်ကိုရီးယားနိုင်ငံကို တိုင်းတာသတ်မှတ်ခြင်းနှင့် ကိုရီးယားကျွန်းဆွယ်၏ ငြိမ်း ချမ်းရေးနှင့် တည် ငြိမ်ရေးကို ထိပါးခြင်းသည် လက်သင့်မခံနိုင်သည့် ဆောင်ရွက်ချက်များဖြစ် ကြောင်း ၎င်းက ထပ် လောင်းပြောကြားသည်။

       မြောက်ကိုရီးယားနိုင်ငံသည် Malligyong – 1 ထောက်လှမ်းရေး ဂြိုဟ်တုအား နိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းရှိ Sohae အာကာသစခန်းမှ ပြီးခဲ့သည့် သီတင်းပတ်တွင် လွှတ်တင်ခဲ့သည်။

#PAN