နိုဝင်ဘာ ၃၀
အာဆီယံ-တရုတ် ဗဟိုဌာနမှ ကြီးမှူး၍ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင် ကျန်းမြို့နှင့် လွန်ပရာဘန်မြို့တို့၌ ၂၆-၁၁-၂၀၂၃ ရက်နေ့မှ ၂၉-၁၁-၂၀၂၃ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် “အာဆီယံပေါင်း စည်းမှုဆိုင်ရာ မဟာစီမံကိန်း ၂၀၂၅ နှင့် တရုတ်နိုင်ငံ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းတို့အကြား ဒေသတွင်း ပို့ဆောင် ဆက်သွယ်မှုတိုးတက်ရေးနှင့် သာယာ ဝပြောမှုမျှဝေရေးဖိုရမ်” သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက် သက်ခိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တို့ ခေါင်းဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖိုရမ်သည် အာဆီယံပို့ဆောင်ဆက်သွယ်မှု မဟာစီမံကိန်း ၂၀၂၅ (Master Plan on ASEAN Connectivity – MPAC 2025) နှင့် Belt and Road Initiative (BRI) တို့ အကြား ပိုမိုကောင်းမွန်သော ချိန်ညှိမှုရရှိစေရန်နှင့် ကိုဗစ်-၁၉ ကာလအလွန် ဒေသ တွင်း ချိတ်ဆက်ဆောင်ရွက်မှုကို တသမတ်တည်း အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က အာဆီယံ-တရုတ် ဆက်သွယ် ပေါင်းစည်းမှုလုပ် ငန်းစဉ်များနှင့် အောင်မြင်မှုများအပေါ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
#PAN