အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင် ဂျာသေဆုံး

နိုဝင်ဘာ ၃၀
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် ဝါရင့်သံတမန်တစ်ဦးလည်းဖြစ်သည့် ဟင်နရီကစ်ဆင်ဂျာသည် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကွန်နက်တီမှာရှိ ၎င်း၏နေအိမ်တွင် သေဆုံးခဲ့ကြောင်းသိရသည်။
ဂျာမဏီနိုင်ငံ တွင် ၁၉၂၃ ခုနှစ်တွင်မွေးဖွားခဲ့သူ ဂျာမန်နွယ်ဖွားတစ်ဦးဖြစ်သည့် ၎င်း၏ဟင်နရီကစ်ဆင်ဂျာသည် အသက် ၁၀၀ ပြည့် မွေးနေ့ကို ပြီးခဲ့သည့် မေလ ၇ ရက်နေ့က ကျင်းပခဲ့သည်။


ကစ်ဆင်ဂျာသည် သမ္မတနစ်ခ်ဆင်လက်ထက်တွင် အမျိုးသားလုံခြုံရေးအကြံပေးတစ်ဦးဖြစ်ခဲ့ပြီးနောက် ၁၉၇၃ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ နိုဘယ်ဆု ကော်မတီက ပေးအပ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၇၃ ခုနှစ်တွင် အငြင်းပွားဖွယ်ရရှိခဲ့ပြီး အဆိုပါဆုကြောင့် နိုဘယ်ကော်မတီမှ အဖွဲ့ဝင်အချို့ နှုတ်ထွက်ခဲ့သည်။


၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ထောက်ခံချီးမွမ်းခဲ့ သူတစ်ဦးလည်းဖြစ်သည်။


ကစ်ဆင်ဂျာသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးနှင့်ပတ်သက်ပြီး အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်ခဲ့သည့် ဝါရင့် သံတမန်ဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတများနှင့် လွှတ်တော်အမတ်များသည် ၎င်း၏အကြံအညဏ်များ ရယူခဲ့ကြောင်းသိရသည်။

PAN