အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် ဆောက်လုပ်ရေးလုပ်သားများကို ကယ်ဆယ်နိုင်ခဲ့

နိုဝင်ဘာ ၂၉

     အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်ရှိ
Silkyara ဥမင်လှိုင်ခေါင်းအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့သည့် ဆောက်လုပ်ရေး လုပ် သားများကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားသည်။

      ၎င်းဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် ကယ်ဆယ်ရေးလုပ်သားများအား ချီးကျူးဂုဏ်ပြုကြောင်း ဝန်ကြီး ချုပ် မိုဒီက ပြောကြားသည်။ ကယ်ဆယ်ရေးသမားများသည် လိုဏ်ခေါင်းအဝင်ဝတွင်ပိတ်မိနေသည့် လုပ်သားများကို ကယ်တင်နိုင်ရေးအတွက် အကြိမ်ပေါင်းများစွာ တူးဖော်နေစဉ် ၎င်းတို့၏ စက်ယန္တရားကြီးများပျက်စီးခဲ့သည်။ ထို့ကြောင့် ယမန်နေ့နှင့် ယနေ့တွင် ကိရိယာဖြင့် ဥမင်လိုဏ်ခေါင်းကို တူးဖော်ခဲ့ရသည်။

     အိန္ဒိယနိုင်ငံ ဟိမဝန္တာ တောင်တန်းအောက် ၄ ဒသမ ၅ ကီလိုမီတာအကွာရှိ အဆိုပါဥမင်လိုဏ် ခေါင်းတွင် ဆောက်လုပ်ရေးလုပ်သားများ ၁၇ ရက်ကြာ ပိတ်မိနေခဲ့ပြီး ပိုက်လိုင်းမှတစ်ဆင့် အစာ၊ ရေ၊ အောက်ဆီဂျင်နှင့် ဆေးဝါးများ ရရှိခဲ့သည်။

      ယခုဖြစ်စဉ်တွင် ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိခဲ့သည့်လုပ်သားများအား ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင် ရွက်ပေးမည်ဖြစ်သည်။

#PAN