ပုဗ္ဗသီရိမြို့နယ် အ.ထ.က (၂၀) ကျောင်းရှေ့ရေမြောင်းထဲ အမျိုးသားတစ်ဦးပြုတ်ကျသေဆုံး


နိုဝင်ဘာ ၂၉

ယမန်နေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့် နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ် လယ်သာကျေးရွာအုပ်စု၊ ပုဗ္ဗသီရိမြို့ပတ်လမ်း၊ အ.ထ.က (၂၀) စာသင်ကျောင်းရှေ့တွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာလုံ​ခြုံ​ရေးအဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သ်ိရသည်။

ဖြစ်စဥ်မှာ ဦးအောင်အောင်၊အသက် ၄၃ နှစ်၊ (ဘ)ဦးကြည်ခိုင်၊ အိမ်အမှတ် ၂၅၃၁၊ ဇီဇဝါလမ်း၊ တပင်ရွှေထီး ရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ် နေသူ​ဖြစ်​ပြီး ၂၇ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် ရပ်ကွက်ဓမ္မာရုံတွင် ပြုလုပ်သည့်ကထိန်းပွဲမှအပြန် အရက်အလွန်အကျွံသောက်စားပြီး အ.ထ.က(၂၀)ကျောင်းရှေ့မြောင်းထဲပြုတ်ကျ၍ မြောင်အတွင်းညှပ်လျက် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးပွန်း ဒဏ်ရာ၊ ပါးစပ်သွေးထွက် ဒဏ်ရာများရလျက် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူအား ကုတင် (၃၀၀) ဆေးရုံ သို့ ပို့ဆောင်းထားရှိပြီး သေဆုံးမှုနှင့်ပတ်သက်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN