နိုဝင်ဘာ ၂၇
အမေရိကန်၊ ဗြိတိန်နှင့် ဩစထြေးလျတို့ကြား ချုပ်ဆိုထားသည့် AUKUS သဘောတူညီချက်နှင့် ပတ်သက်၍ တရုတ်တာဝန်ရှိသူတစ်ဦးက နျူကလီး ယားသတိပေးချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် AUKUS ကြောင့် ဖြစ်ပေါ်လာမည့် နျူကလီးယားပြန့်ပွားမှု အန္တရာယ်ကို ကိုင်တွယ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ဆိုင်ရာ တရုတ်ကိုယ်စားလှယ်က ပြောထားခြင်းဖြစ်သည်။
AUKUS စာချုပ်သည် နျူကလီးယားလက်နက်များ မပြန်ပွားရေးသဘောတူစာချုပ်၏ ရည် ရွယ်ချက်နှင့် ရည်မှန်းချက်များကို ဆန့်ကျင်လျက်ရှိကြောင်းနှင့် အာရှ-ပစိဖိတ်ဒေသကို ခြိမ်းခြောက်နေ ကြောင်း တရုတ်သံတမန် လီဆောင်းက ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ IAE’A အဖွဲ့ဝင်နိုင်ငံများကြား အစိုးရအချင်းချင်း တရားဝင်ဆွေးနွေးမှုများကို လုပ်ဆောင်သင့်ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများသည် AUKUS နှင့်ပတ်သက်သမျှသော ပြန့်ပွားမှုအန္တရာယ်များကို သင့်လျော်စွာ တုံ့ပြန်ရန်အသိပညာ၊ စိတ်ရှည်မှုနှင့် သန္နိဋ္ဌာန် ချမှတ်မှုတို့ရှိကြောင်း လီဆောင်းက ဆက်ပြောသည်။
အလားတူ AUKUS သဘောတူညီချက်တွင် နျူက လီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော သဘောတူညီမှု ပါဝင်နေခြင်းသည် အန္တရာယ်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
AUKUS အဖွဲ့ကို ၂၀၂၁ ခုနှစ်တွင် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနိုင်ငံတို့ က စတင်ဖွဲ့ စည်းခြင်း ဖြစ်ပြီး ၎င်းတို့၏ သဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများကြား စစ်ဘက်နည်းပညာကို မျှဝေသွားမည်ဖြစ် သည်။ ထို့ပြင် ဩစတြေး လျနိုင်ငံအနေဖြင့် နျူကလီး ယားစွမ်းအင်သုံး ရေ ငုပ်သင်္ဘောများကို ရရှိပိုင်ဆိုင်ရစေမည်ဟု အမေရိကန်အစိုးရက ကတိပြုထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။
#PAN