မွန်ပြည်နယ်၊ သထုံမြိုနယ် အင်းရှည်ရွာနှင့် သမ္ဗာန်ရွာရှိ မဟာဓတ်အားလိုင်းတိုင်ကို KNU/PDF များက မိုင်းထောင် ဖောက်ခွဲ

နိုဝင်ဘာ ၂၄

မွန်ပြည်နယ် ၊ သထုံမြိုနယ်၊ အင်းရှည်ရွာနှင့် သမ္ဗာန်ရွာရှိ မဟာဓတ်အားလိုင်းတိုင်ကို KNU/PDF များက ယနေ့ နံနက် ၃ နာရီကျော်ခန့်တွင် ၁ ကြိမ် ၊ ၁၀နာရီ ၃၀ မိနစ်ခန့်တွင် ၁ ကြိမ် မိုင်းထောင်ဖောက်ခွဲသွားကြောင်း သိရှိရပါသည်။

အဆိုပါမိုင်းခွဲမှုဖြစ်ပွားခဲ့သော်လည်း ဓာတ်အားလိုင်းတိုင်များ ကျိုးကျပြိုလဲခြင်းမရှိကြောင်းနှင့် ရွာသားများအနေဖြင့် အဆိုပါဖြစ်စဉ်ကို ဘယ်သူတဦးတယောက်ကိုမှ မပြောရဲကြပဲ ၎င်းအကြမ်းဖက်အဖွဲ့များကို ကြောက်လန့်နေကြကြောင်း သိရှိရပါသည်။

#PAN