မုဒုံမြို့နယ် ဘဲရမ်းကျေးရွာအုပ်စု ၊ မုဒုံဦးရပ် မော် သံလမ်း ဘေးရှိ မုဒုံဦး အ.မ.က စာသင်ကျောင်းဝန်း အတွင်းအကြမ်း ဖက်အဖွဲ့မှ စာ ၁ စောင်ပစ်ချထွက်ပြေး


နိုဝင်ဘာ ၂၄

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊ ဘဲရမ်းကျေးရွာအုပ်စု ၊ မုဒုံဦးရပ် မော်လမြိုင်-သံဖြူဇရပ် လမ်းဘေးရှိ မုဒုံဦး အ.မ.က စာသင်ကျောင်းအတွင်းသို့ လူငယ် ၂ ဦး (ဦးထုပ်အမဲ ၊ Mask တပ် ၊ ဘောင်းဘီအမဲ၊ ဆိုင်ကယ် Click အဖြူ )မှ စာသင်ကျောင်းရှေ့တွင်ဆိုင်ကယ်ရပ်ကာ ကျောင်း ဝန်းအတွင်းသို့ စာ ၁ စောင် ပစ်သွင်းပြီး ဆိုင်ကယ်​ မောင်းပြေးသွားကြောင်း သိရှိရပါသည်။

အဆိုပါလူငယ် ၂ ဦး ပစ်ချပြေးသော စာစောင်တွင် ဒီဇင်ဘာ ၁၀ နေ့အထိ စစ်ရေးဆောင်ရွက်မည်ဖြစ်၍ ကျောင်းသူ ကျောင်းသားများ ထိခိုက်မှုမရှိစေရေး ရည်ညွှန်းပါစာ ၁ စောင် ကျောင်းဝန်းအတွင်းသို့ ပစ်ချထွက်ပြေးသွား ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

လွန်ခဲ့သော ရက် ၁ ပတ်ခန့်က ကယားပြည်နယ် လွိုက်ကော် တက္ကသိုလ်မှ ပညာရေးဝန်းထမ်းများနှင့် ကျောင်းသူ ကျောင်းသားများကို လူသတ်အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခေါ်ဆောင် သွားမှုဖြစ်ပွား ခဲ့ကြောင်း ယနေ့အချိန်အထိ ဖမ်းဆီးခေါ်ဆောင်သွားသူများ တဦးတယောက်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း သတင်းများအရ ကြားသိရပါသည်။