တရားမဝင် သစ်မျိုးစုံ၊ စက်လှေများ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

နိုဝင်ဘာ ၂၄

     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၀ ရက်တွင် ကချင် ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာအုပ်စု ဧရာဝတီမြစ် ကမ်းစပ်၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံး ပြုသည့် လေးလုံးထိုးအင်ဂျင်တပ်စက်လှေ လေးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,ဝဝဝ,ဝဝဝ)ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့သတ္တုတွင်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် မန္တလေးတိုင်းဒေ သကြီး တရားမဝင်ကုန်သွယ်မှ တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့အဝင် မြစ်ငယ်တံတားအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက်ကြက် သွန်ဖြူ ၂၅ ကီလို ဂရမ်ပါ အိတ် ၁၁၀၀(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၅,၀၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Shwe Chan Truck တစ်စီးနှင့် Mitsubishi Fuso Truck တစ်စီး(ခန့် မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) စုစုပေါင်း ခန့် မှန်းတန်ဖိုး ငွေကျပ် ၁၀၅,၀၀၀,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် တရား မဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့် ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ကြီးမြို့ (၄) မိုင် ပူးပေါင်းစစ် ဆေးရေးဂိတ်၌ တန့်ယန်း-မိုင်းရယ် – ကျေးသီး – လဲချား – လွိုင်လင် – တောင်ကြီး လမ်းကြောင်းအတိုင်း မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာ ရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ကြက်သွန်ဖြူ ၂၅ ကီလိုဂရမ်ပါ အိတ် ၁၁၀၀၊ အာလူး ကီလိုဂရမ် ၅၀ ပါ အိတ် ၅၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅,၂၄၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head နှစ်စီးနှင့် နောက်တွဲယာဉ် နှစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၅,၂၄၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ နိုဝင်ဘာ ၂၂ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်၌ တရားမဝင်စက်သုံးဆီဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၂၁၀ (ခန့် မှန်းတန်ဖိုးငွေကျပ် ၅၂၅၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှည်းကူးမြို့နယ် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင် တိုင်အမှတ် (၆/၇)နှင့် (၇/၀)အကြား၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင် ကျွန်းသစ် သုည ဒသမ ၈၁၆ တန်၊ အခြားသစ် သုည ဒသမ ၂၂၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၃,၁၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Voxy တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစု ပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅,၆၅၃,၁၆၀ ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် သစ်မာ ၂ ဒသမ ၃၅၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၇၉,၈၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၀ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု၊ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၅၄၆,၃၂၂,၉၆၀) ဖြစ် ကြောင်း တရားမဝင် ကုန် သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN