တညင်းကုန်းလက်ကားဈေးမှာ ထပ်တိုးတည် ဆောက်ထားတဲ့ဈေးရုံသစ်ကြီး ၂ ခု ထပ်မံဖွင့်လှစ်မည်

နိုဝင်ဘာ ၂၄

     သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်၊ ပန်းမန်တွေလက်ကားရောင်းချရာ တညင်းကုန်းလက် ကားဈေးကြီးအတွင်း ဈေးရုံအသစ်တွေထပ်မံတိုးချဲ့ တည် ဆောက်နေပြီး မကြာမီမှာ ဈေးရုံသစ်ကြီး ၂ ခုကို ထပ်မံတိုးချဲ့ဖွင့်လှစ်တော့မှာ ဖြစ်သည်ဟု အဆိုပါဈေးစီမံခန့်ခွဲရေးအဖွဲ့မှ သိရပါသည်။

     တညင်းကုန်းလက်ကားဈေးကြီး၏ စီမံကိန်းအဆင့် (၂)အရ ထပ်မံတိုးချဲ့တည်ဆောက်နေသည့် ဈေးရုံကြီး ၂ ခုမှ ဈေးရုံအမှတ်(၅)နှင့် ဈေးရုံအမှတ်(၇)တို့ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ် ဖေ ဖော်ဝါရီလနှင့် မတ်လတို့တွင် ဖွင့်လှစ်မည်ဟု သိရပါသည်။ အဆိုပါ ဈေးရုံသစ်၂ ခု မှာ  ဈေးရုံအမှတ်(၅)မှာ ကုန်ခြောက်ဆိုင်များဖွင့်ခွင့်ပေးရန် တည်ဆောက်ခြင်း ဖြစ်ပြီး ဈေးရုံအမှတ်(၇)မှာ ပန်းဆိုင်နှင့် ဟင်းသီးဟင်းရွက်ဆိုင်များအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်သည်ဟု သိရပါသည်။

      တညင်းကုန်းဈေးကြီးမှာ လက်ရှိမှာ ဈေးရုံကြီး ၄ ခုနှင့် လည်ပတ်လျက်ရှိနေပြီး  ဈေးရုံ ၁ မှာ သစ်သီးဆိုင်များ၊ ဈေးရုံ ၂ မှာ တောင်သူများ ရောင်းဝယ်မှုပြုလုပ်သည့် လက်ကားဟင်းသီး ဟင်းရွက်ဆိုင်များ၊ ဈေးရုံ ၃မှာ အာလူး၊ ကြက် သွန်နှင့် ကုန်ခြောက်ဆိုင်များ၊ ဈေးရုံ ၄ မှာ ရာသီပေါ် သီးနှံဆိုင်များကို ရောင်းချလျက်ရှိနေပါငည်။

      မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများနှင့် သက် ဆိုင်သည့် ကုမ္ပဏီလီမိတက်နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ(ဈေးများဌာန)တို့ပူးပေါင်းပြီး တညင်းကုန်းလက်ကားဈေးကြီးကို မြေဧက ၈၀ ကျော်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၂၀၁၈ ခုနှစ်မှ စတင်၍ ဈေးကြီးကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

#PAN