နိုဝင်ဘာ ၂၃
ယူကရိန်းအစိုးရသည် အမေရိကန်က ပေး အပ်သော ထောက်ပံ့ငွေများအနက် ထက်ဝက်နီးပါးကို အမေရိကန်အစိုးရ၏ ငွေတိုက်စာချုပ်များ ပြန်ဝယ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် ပြုလုပ်လာကြောင်း RIA Novosti သတင်းဌာနက နိုဝင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထား သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် စက် တင်ဘာလကုန်အထိ အမေရိကန်ငွေတိုက်စာချုပ်များတွင် ယူကရိန်း၏ ရင်းနှီးမြှုပ်နှံမှုသည် ၁ ဒသမ ၈ ဆ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံ မြင့်တက်လာသည်ဟု အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့မှ ဘဏ္ဍာရေးဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အဆိုပါသတင်းဌာနက ဆက်လက်ဖော်ပြထားသည်။
ယခုလက်ရှိ ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ငွေတိုက်စာချုပ် ပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ ဘီလီယံအထိ ရှိလာပြီဖြစ်သောကြောင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ ပြီးခဲ့သည့်နှစ်မှ ယခုနှစ်အထိ ယူကရိန်းနိုင်ငံသည် အမေရိကန်မှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ ဘီလီယံကို လက်ခံရရှိခဲ့သော ကြောင့် ၎င်းတို့အနေ ဖြင့် ထောက်ပံ့ငွေများအနက် ထက်ဝက်ခန့်ကို အမေရိကန် ငွေတိုက် စာချုပ်များ ဝယ်ယူထားဖွယ်ရှိသည်ဟု RIA Novosti သတင်းဌာနက တွက် ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
#PAN