ပြည်ပကို ပို့ဆောင်ပေးသည့် အလုပ်သမားများလုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရ/သေဆုံးမှု ဖြစ်ခဲ့လျှင် အေဂျင်စီ များက ရက် ၃၀ အတွင်း ဖြေရှင်းပေးရမည်

နိုဝင်ဘာ ၂၁

      ပြည်ပကို အလုပ်သမားများပို့ဆောင်ပြီး လုပ် ငန်းခွင်ထိခိုက် ဒဏ်ရာရ/သေဆုံးမှုများနှင့် ကြုံ တွေ့ပါက အေဂျင်စီ များအနေဖြင့် ရက် ၃၀ အတွင်း ဖြေရှင်းပေးရမည်ဟု အလုပ်သမားဝန် ကြီးဌာနမှ ပြောပါသည်။

      ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း စေလွှတ်ကြရမှာဖြစ်ပြီး  မိမိတို့စေလွှတ်လိုက်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံများသို့ ရောက်ရှိပြီးနောက် အလုပ်ရှင်နှင့်အလုပ် သမား မပြေလည်မှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပေါ်ပါကလည်း ရက်ပေါင်း ၃၀ အတွင်း ဖြေရှင်းဆောင်ရွက် ပေးရမည်ဟု ပြောပါသည်။

      ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ လုပ်ငန်းဆောင်ရွက်နေသည့် ပြည်ပအလုပ် အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၄၈၇ ခုရှိပြီး (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၄၇ ခု ရှိသည်ဟု သိရပါသည်။ ထို့အပြင် အေဂျင်စီများအနေနှင့် မိမိတို့စေလွှတ်သည့် အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့် အချိန်အထိ အပြည့်အဝ တာ ဝန်ယူရမည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားပါသည်။

       ယခုလက်ရှိတွင်  ပြည်ပတွင် အလုပ်လုပ်လိုသူထံမှ ဝန်ဆောင်ခအဖြစ် ငွေကြေးများရယူပြီး အလုပ်ရရှိရန် ဆောင်ရွက်မပေးနိုင်သည့် ပြည်ပအလုပ် အကိုင် ဝန်ဆောင်မှုအေဂျင်စီအချို့ကို အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီလုပ်ကိုင်ခွင့် လိုင်စင်များကို ရာသက်ပန်ပိတ်သိမ်းခဲ့သည်ဟုလည်း ဖော်ပြထားပါသည်။

#PAN