ဉာဏ်ရည်တုနည်းပညာ ChatGPT ကို တီထွင်သည့် အမေရိကန်နည်းပညာကုမ္ပဏီ OpenAl အမှုဆောင်ဒါရိုက်တာ ရာထူးမှ နုတ်ထွက်

နိုဝင်ဘာ ၁၉

     ဉာဏ်ရည်တုနည်းပညာ ChatGPT ကို တီထွင်သည့် အမေရိကန်နည်းပညာကုမ္ပဏီ OpenAl သည် ၎င်း၏ အမှုဆောင်ဒါရိုက်တာ ဆမ်အော်မန် နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

      နည်းပညာအရာရှိချုပ် မီရာ မူရာတီကို ခေတ္တအမှု ဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ကြောင်း ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့က ယမန်နေ့တွင် ပြောကြား သည်။

      ဆမ်အော်မန်သည် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့နှင့် ပြောဆိုဆက်ဆံရာတွင် ပွင့်လင်းစွာ ထုတ်ဖော်ပြော ဆိုခြင်း မရှိသည့်အတွက် ၎င်း၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် အဟန့်အတားဖြစ်စေသည်ဟု ကုမ္ပဏီက ကောက်ချက်ချသည်။

      ဆမ်အော်မန်သည် OperAl ကို ဆက်လက် ဦး ဆောင်နိုင်မှုအပေါ် အပြည့်အဝ ယုံကြည်မှုမရှိတော့ကြောင်း ကုမ္ပဏီကပြောကြားသည်။

       ဆမ်အော်မန်သည် အီလွန်မက်နှင့် ၂၀၁၅ ခုနှစ်တွင် OpenAl ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ခဲ့သည်။

       ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကုမ္ပဏီသည် ChatGPT ကို ဖန်တီးနိုင်ခဲ့သည်။ အသုံးပြုသူ များ သည် ၎င်းတို့၏မေးခွန်းများအတွက် အလွန် သဘာဝ ကျသောအဖြေများကို Chatbot မှ ဖြေ ကြားပေးသည့်အတွက် ChatGPT သည် ကမ္ဘာတစ်ဝန်း၌ လူကြိုက်များ ရေပန်းစားလျက်ရှိသည်။

      OpenAl ၏ အကြီးအကဲ ရာထူးမှ ရုတ်တရက်နုတ်ထွက်သွားခြင်းသည် မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

#PAN