မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပမည်

နိုဝင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြိုနယ်အတွင်း တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား

ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်အား နိုဝင်ဘာလ ၂၅၊ ၂၆ နှင့် ၂၇ ရက်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကာလအတွင်း ဆီမီး(၉၀၀၀) ကပ်လှူပူဇော်ခြင်း၊ အသံမစဲ ပဌာန်းရွတ်ဖတ်ပူဇော် ခြင်း၊ ဝတ်အသင်းအဖွဲများမှ ဝတ်ရွတ်စဉ်များဖြင့်ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံကြီးများ လွှတ်တင်ပူဇော်ခြင်း များကို ၃ ရက်တိုင်တိုင် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုး ရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN