မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးရုံးဝန်းအတွင်း Drone တစ်စီး ပြုတ်ကျ

နိုဝင်ဘာ ၁၄

        ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ် ၁၀ ရပ်ကွက်ရှိ၊ မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်းသို့ Drone ၁ စီး ပြုတ်ကျခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ Drone တွင် မပေါက်ကွဲသေးသည့် ဗုံးသီး ၁ လုံး ချိတ်ဆွဲလျက်တွေ့ရှိရပြီး လုံခြုံရေးတာဝန်ရှိသူများမှ ၎င်း Drone တွင်ပါရှိသော ဗုံးသီးအား သက်မဲ့ပြုလုပ်၍ သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

#PAN