နိုဝင်ဘာ ၁၃
နေပြည်တော်၊ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု၊ခေါမရွာတွင် ယမန်နေ့ည၁၁နာရီအချိန်ခန့်က လူတစ်ဦးနေအိမ်လှေကားပေါ်မှ အရက်မူးပြီးပြုတ်ကျသေဆုံးကြောင်းသတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်အဖွဲ့တို့ အတူသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးမင်းနောင်၊(၅၆)နှစ်၊(ဘ)ဦးလှရွှေ ခေါမကျေးရွာနေသူဖြစ်ကြောင်း၊သေဆုံးသူ၏ယာမျက်ခုံးအထက်စုတ်ပြဲဒဏ်ရာ၊ဝဲမျက်ခုံးဖုယောင်၊ဝဲပါးရိုးပွန်း၊ဝဲဘက်နံဘေးညိုဒဏ်ရာတွေ့ရှိရကြောင်း၊သေဆုံးသူ၏ဇနီးဒေါ်နီစန်း(၅၂)နှစ်(ဘ)ဦးချစ်ထွေးနှင့်သား/သမီးတို့၏ ပြောပြချက်အရ ဦးမင်းနောင်သည် အရက်သောက်မူးပြီး ၎င်း၏သားဖြစ်သူဇော်မင်းစန်း(၂၆)နှစ်၊နေအိမ်ရှေ့တစ်ဝန်းတည်းနေသူနှင့်စကားများရန်ဖြစ်ပြီး ဦးမင်းနောင်မှဒေါသထွက်၍ နေအိမ်ပေါ်မှ ဆင်းပြီး သားဖြစ်သူအား ရန်ပြုလုပ်ရန်ဆင်းချိန် အရှိန်မထိန်းနိုင်ပဲပြုတ်ကျရာ လှေကားလက်ရမ်းပြုတ်ထွက်ပြီးလှေကားဘောင်ရှိတစ်လက်မခွဲခန့်ရှိသံမိူများနှင်အုတ်ခုံစောင်းတို့ ထိခိုက်မိပြီး ရရှိသောဒဏ်ရာဖြင့်သေဆုံးသွားကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ၏ အလောင်းအား ရဲဆေးစာဖြင့်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဖြစ်စဥ်နှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN
Telegram link
https://t.me/positiveanglenews