ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီး မိုင်းထောင်ရန်ကြိုးစားနေသော အကြမ်းဖက်PDFများကို ပစ်ခတ်ရှင်းလင်း

နိုဝင်ဘာ ၁၃

ယမန်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုမြို့နယ် အုန်းပေါက်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မိုင်းထောင်ရန် ပြုလုပ်နေသည့်အကြမ်းဖက် PDF များကို သွားရောက်ရှင်းလင်းခဲ့‌ကြောင်းသိရှိရပါသည်။

အဆိုပါနေရာသို့ သွားရောက်ရှင်းလင်းရာ မိုင်းထောင်ရန်ကြိုးစားနေသော အကြမ်းဖက်PDFများကို တွေ့ရှိရ၍ နယ်မြေရှင်းလင်းရေး စစ်ကြောင်းမှ ပစ်ခတ်ရှင်းလင်းရာ
အကြမ်းဖက် PDF ၂ လောင်း ၊ လက်လုပ်စလစ်မိုင်း ၁ လုံး ၊ ဝါယာကြိုး ၁
ခွေ ၊ ဘက္ထရီအိုး ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက် PDF အဖွဲ့များသည် ပြည်သူကို အကာအကွယ်ယူကာ အများပြည်သူသွား ကားလမ်းများ ၊လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးကာ ပြည်သူများကို အကြပ်တည်းဖြစ်စေသည့် လမ်းကြောင်းသို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာနေ၍ မြို့ရွာများပျက်စီးလာရသည်အထိ ရှိလာနေကြောင်း မြေပြင်သတင်းများအရ သိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews