ဂါဇာအောက်ရှိ ဟားမတ်စ်၏ ဥမင်လိုဏ်ခေါင်းစနစ်အကြောင်း သိကောင်းစရာများ

နိုဝင်ဘာ ၁၃

      အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြှောင်တွင် မြေပြင်စစ်ဆင်ရေးကို အရှိန်မြှင့်နေစဉ် ဟားမတ်စ်၏ ဝင်္ကပါဥမင်လိုဏ်ခေါင်းများ ကွန်ရက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

     အစ္စရေးက “ဂါဇာ မက်ထရို” ဟု အမည်ပေးထားသည့် ဥမင်လိုဏ်ခေါင်းများသည် ဟားမတ်စ်တို့အတွက် ထိုးစစ်နှင့် ခံစစ် ရှုထောင့်အရ အရေး ကြီးသည်။  စစ်သွေးကြွများသည် ၎င်းတို့အား လက်နက်များ ခိုးသွင်းရန်၊ သိုဝှက်သိမ်းဆည်းရန်၊ ထောက်လှမ်းခြင်းမှ ရှောင်လွှဲရန်နှင့် လူထူ ထပ်သော မြို့ပြပတ် ဝန်းကျင်တွင် တိုက်ပွဲများ၏ ကြီးမားသော အခက်အခဲများကို ပေါင်းစပ်ပေးခြင်းများကို ၎င်း ဥမင်လိုဏ် ခေါင်းများကို အသုံးပြုသည်။

      အစ္စရေး၏ မြေပြင်စစ်ဆင်ရေးကို ပိုမိုရှုပ် ထွေးစေကာ အောက်တိုဘာ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပြန်ပေးဆွဲသွားသော အနည်း ဆုံး ဓားစာခံအချို့ကို ဥမင်လှိုဏ်ခေါင်းများတွင် ထိန်းသိမ်းထားကြောင်း ဟားမတ်စ် ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

       ကြီးမားသော ဗုံးကြဲတိုက်ခိုက်မှုအပြင် ဂါဇာတွင် မြေပြင်စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်နေကြောင်း IDF မှ သောကြာနေ့တွင် ကြေညာခဲ့သည်။  အစ္စရေးက အရန်တပ်သား ၃၀၀,၀၀၀ ကို ဆင့်ခေါ်ထားပြီး ဝန်ကြီး ချုပ် ဘင်ဂျမင် နေတန်ယာဟုက “ရှည်လျားပြီး ခက်ခဲသောစစ်ပွဲ” ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ဟားမတ်စ်တို့သည် ဥမင်လိုဏ်ခေါင်းစနစ်ကို မည်သို့အသုံးပြုသနည်း ?

      ဟားမတ်စ်သည် အစ္စရေး၏ အဆင့်မြင့် ထောက် လှမ်းရေးအဖွဲ့အစည်းများနှင့် ၎င်း၏ လေတပ်မှ လက် လှမ်းမမီသော မြင်ကွင်းအပြင်ဘက်တွင် ကုန်ပစ္စည်းများနှင့် မှောင်ခိုပစ္စည်းများ၊ တရားမဝင်ပို့ကုန်သွင်း ကုန်များ၊ လက်နက်များသိုလှောင်ခြင်း၊ ထောက်ပံ့ခြင်းနှင့် လေ့ကျင့်ရေး၊ တိုက်ခိုက်ရေးသမားများ၏ စစ် တန်းလျားများအဖြစ် ဥမင်လိုဏ်ခေါင်းများကို အသုံး ပြုသည်။

       ဟားမတ်စ်များသည် ၎င်း၏ကြီးမားသော ဒုံး ကျည်များနှင့် ပစ်လွှတ်သည့် ပစ်စင်များ၏ အစိတ် အပိုင်းများကို စုစည်းပြီး သိမ်းဆည်းရန် မြေအောက်အဆောက်အဦများကိုလည်း အသုံးပြုပါသည်။

       မြေပြင်စစ်ဆင်ရေးကို တိုးချဲ့ဆောင်ရွက်သည့်အခါတွင်၊ မြေအောက်ဥမင်လိုဏ်ခေါင်းများသည် အစ္စရေးစစ်သားများကို မရင်းနှီးသောမြေပြင်တွင် ခြုံခိုတိုက်ခိုက်ခြင်းနှင့် လျှို့ဝှက်ထောင်ချောက်ဗုံးများ၏ အန္တရာယ်ကို ရင်ဆိုင်ရန် မဖြစ်မနေလုပ်ရလိမ့်မည် ဖြစ်သည်။

ဥမင်လိုဏ်ခေါင်းကွန်ရက် အရွယ်အစား

      မြေပြင်အထက် ဂါဇာသည် လူ ၂ သန်း နေ ထိုင်သည့် စတုရန်းမိုင် ၁၄၀ မျှသာရှိပြီး ကမ္ဘာပေါ်တွင် လူဦး ရေအထူထပ်ဆုံးနေရာများထဲမှ တစ်ခုဖြစ်သည်။

       အီဂျစ်နှင့် အစ္စရေးတို့သည် ၂၀၀၇ ခုနှစ်တွင် ဟားမတ်စ်တို့ သိမ်းပိုက်ပြီးနောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ခဲ့ပြီး မှောင်ခိုနှင့် သယ် ယူပို့ဆောင်ရေး လမ်းကြောင်းများအားလုံး၏ မြေ အောက်ကွန်ရက်ကို ပိုမိုအရေးပါလာစေသည်။

      ဥမင်လိုဏ်ခေါင်းများ မည်မျှကျယ်ဝန်းသည်ကို အတိအကျမသိရသေးသော်လည်း အချို့မှာ လျှပ်စစ် မီး၊ အလင်းရောင်နှင့် မီးရထားသံလမ်းများ တပ်ဆင်ထားသဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း ၎င်းတို့သည် အတိုင်းအတာနှင့် ခေတ်မီတိုးတက်လာသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

      ၎င်းတို့သည် အချို့နေရာများတွင် မျက်နှာပြင်အောက် ပေ ၁၀၀ ကျော်အထိ ရောက်ရှိကာ လျှို့ဝှက်ဝင်ရောက်ခွင့်နေရာ ဒါဇင်များစွာဖြင့် အဆုံး သတ်ပြီး ကမ်းမြောင်၏ ကြီးမားသော အစိတ် အပိုင်းများကို လွှမ်းခြုံထားဖွယ်ရှိသည်။  ဂါဇာရှိ ဟားမတ်စ်ခေါင်း ဆောင် Yahya Sinwar က စစ်သွေးကြွအဖွဲ့သည် ဂါဇာကမ်းမြောင်တွင် ဥမင် လိုဏ်ခေါင်းအရှည် မိုင် ၃၁၀ ရှိကြောင်း ၂၀၂၁ ခုနှစ်တွင် အခိုင်အမာဆိုခဲ့သည်။

       ယခင်ကလည်း စစ်သွေးကြွအဖွဲ့သည် ၂၀၁၄ စစ်ပွဲကဲ့သို့သော အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်ရန်အတွက် အစ္စရေး-ဂါဇာနယ်စပ်ဖြတ်ကျော် ဥမင်လှိုင် ခေါင်းများကိုလည်း တူးဖော်ခဲ့သည်။

ဥမင်လိုဏ်ခေါင်းများကို ဖယ်ရှားရန် အစ္စရေး၏ ဗျူဟာ

      ဥမင်လိုဏ်ခေါင်းများသည် ပိုမိုခေတ်မီလာသကဲ့ သို့၊ ၎င်းတို့ကို ထိန်းချုပ်ရန် အစ္စရေး၏ ဗျူဟာလည်း ရှိသည်။ နှစ်များအတွင်း မြေပြင်နှင့် ဝေဟင်စစ်ဆင် ရေး မြောက်များစွာ လုပ် ဆောင်ရေး ဥမင်လိုဏ်ခေါင်းများ ပြိုကျစေခြင်း သို့မဟုတ် ဝင်ရောက်ရန်နေရာများကို ပိတ်ဆို့သည့်အပြင် အစ္စရေးသည် ဂါဇာနှင့် နယ်နိ မိတ်တစ်ခုလုံးကို ဖြတ်ကာ ခြံစည်းရိုးအောက်တွင် အာရုံခံကိရိယာတပ်ဆင်ထားသည့် မြေအောက်ဥမင် လိုဏ်ခေါင်းအတားအဆီးတစ်ခုကို တည်ဆောက်ခဲ့သည်။

        ၂၀၁၄ ခုနှစ် စစ်ပွဲအတွင်း အစ္စရေးသည် ဂါဇာတွင် မြေပြင်ထိုးစစ်ကို စတင်ခဲ့ပြီး ဥမင်လိုဏ် ခေါင်းစနစ်၏ အစိတ်အပိုင်းများကို ဖျက်ဆီးရန် ထောက် လှမ်းခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဖြိုချခြင်းများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း RAND ကော်ပို ရေးရှင်းမှ သိရသည်။

      ထိုစစ်ပွဲနှင့် ဟစ်ဇ်ဘိုလာကို တိုက်ခိုက်သည့် 2018 စစ်ဆင်ရေးမှ သင်ခန်းစာယူကာ အစ္စရေးသည် ၎င်း၏ စစ်သားများအတွက် ဥမင်လိုဏ် ခေါင်းစစ်ဆင်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခဲ့သည်။  မြေအောက်ပတ်ဝန်း ကျင်တွင် မြေပုံထုတ်ရန်နှင့်တိုက်ခိုက်ရန် စက်ရုပ်ယန္တရားများကိုလည်း ဥမင် လိုဏ်ခေါင်းများပြိုကျစေရန်နှင့် ရှာဖွေဖော်ထုတ်ရန် နည်းပညာအသစ်များ တီထွင်ထားပါသည်။

      ကြီးမားသော “ဘန်ကာဖြိုခွဲ” ဗုံးများအပါ အဝင် ဝေဟင်မှ ဥမင်လှိုင်ခေါင်းများကို ဖယ်ရှားရန် အစ္စရေး၏ ကြိုးပမ်းမှုများသည် ဟားမတ်စ်တို့က အရပ်ဘက်အခြေခံအဆောက်အအုံအောက်တွင် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားသောကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ဥမင်တွေ ဘယ်က စခဲ့တာလဲ ?

       ရာဖာမြို့ကို ၁၉၇၉ ခုနှစ် အီဂျစ်နှင့် အစ္စရေးတို့ကြား ငြိမ်းချမ်းရေးစာချုပ်တွင် အသိအမှတ် ပြုထားသော နယ်နိမိတ်အသစ်ဖြင့် ပိုင်းခြားပြီးနောက် ဂါဇာတွင် ဥမင်လိုဏ်ခေါင်းများကို ၁၉၈၀ ခုနှစ် အစောပိုင်းကတည်းက အသုံးပြုခဲ့သည်။

     အသစ် တောင့်တင်းခိုင်မာသော နယ်စပ်မျဉ်တစ် လျှောက် ဖြတ်ကျော်ဂိတ် တစ်ခုတည်းသာရှိသဖြင့် Rafah ရှိ မိသားစုများ ကွဲကွာသွားကာ မြို့၏စီးပွား ရေးမှာ ဆိုးရွားစွာ ကျိုးပျက်သွားခဲ့သည်။ ထို့ကြောင့် မြေအောက်ဥမင်လိုဏ်ခေါင်းများ ဖောက်လုပ်ကာ မိသားစုဝင်များ ဆက်သွယ်ပြောဆိုနိုင်ခဲ့သည်၊ မှောင်ခိုသမားများ ကုန်စည်များ ပို့ဆောင်နိုင်ခဲ့သည်။

      ၁၉၈၇ ခုနှစ်မှ စတင်ခဲ့သော ပထမအကြိမ် ပါလက် စတိုင်း လူထုအုံကြွမှုတွင် စစ်သွေးကြွများက ဥမင်လှိုဏ်ခေါင်းများအသုံးပြုမှု ပေါ်ပေါက်လာခဲ့သည်။Source; Axios

#PAN