အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ဆုံမည်

နိုဝင်ဘာ ၁၂

     အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ ဆုံမည်ဖြစ်ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးမည်

     ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပမည့် အာရှ – ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေး၏ ပြင်ပအစည်းအဝေးအဖြစ် သမ္မတ နှစ်ဦးသည် နိုဝင်ဘာ ၁၅ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့က ဆိုသည်။

       အဆိုပါ တွေ့ဆုံမှုသည် ယခုနှစ် အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်လာမည် ဖြစ်သည်။ခေါင်းဆောင်နှစ်ဦးသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ်တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

      ခေါင်းဆောင်များသည် အမေရိကန် – တရုတ် ဆက်ဆံရေးတွင် မဟာဗျူဟာဦးတည်ချက်နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိများပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို ဆက်လက်ထိန်းသိမ်းထားရန် အရေး ကြီးကြောင်း ခေါင်းဆောင်နှစ်ဦးကဆွေးနွေးကြဖွယ်ရှိကြောင်း သိရသည်။

      အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပဋိပက္ခများအပြင် ဒေသတွင်းပြဿနာများနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လည်း ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

      အောက်တိုဘာလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယိသည် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပရန်အတွက် ဝါရှင်တန်မြို့သို့လာရောက်ခဲ့သည်။

     အမေရိကန် – တရုတ် နှစ်နိုင်ငံထိပ်သီး အစည်း အဝေးသည် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ် နိုင်သည့် အန္တရာယ်ကို ရှောင်ရှားနိုင်ရန်နှင့် ပြိုင် ဆိုင်မှုကို စီမံခန့်ခွဲရန်ရည်ရွယ်ထားကြောင်း သိရသည်။

#PAN