ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေး ကျင်းပ၊ အစ္စရေး – ပါလက်စတိုင်းအရေး ဆွေးနွေး

နိုဝင်ဘာ ၁၂

     နိုဝင်ဘာ ၁၁ ရက်တွင် ပြုလုပ်သည့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတွင် အမေရိကန်က အစ္စရေးကို ကျောထောက်နောက်ခံပြုပေးနေသည်ဆိုသည့် ရပ်တည်ချက်ကို ထုတ်ဖော်လျက်ရှိစဉ်  ကျန်ကိုယ်စားလှယ်နိုင်ငံများက ဂါဇာကမ်းမြောင် ဒေသရှိ ဆေးရုံများကို အစ္စရေးတပ်မ တော်က တိုက်ခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

      အဆိုပါ အရေးပေါ်အစည်းအဝေး မစတင်မီ ကိုယ် စားလှယ်အားလုံးသည် အစ္စရေးနှင့် ဂါဇာတို့၌ သေဆုံးခဲ့ရသည့် အရပ်သားများကို အောက်မေ့သတိရသည့်အနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက် mခဲ့ကြကြောင်း သိရသည်။

       ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်ဒါနွမ်ဂါဘရီယီဆက်စ်က ကမ်းမြောင် ဒေသ၏ လက်ရှိအခြေအနေသည် အလွန်ဆိုးရွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

       ဆေးရုံများတွင် ထိခိုက်ဒဏ်ရာရသူများ၊ ဖျားနာသူများနှင့် ပြည့်ကျပ်လျက်ရှိပြီး မေ့ဆေးသုံးစွဲခြင်းမရှိဘဲ ခွဲစိတ်မှုများဆောင်ရွက်နေရ ကြောင်း ဂါဘရီယီဆက်စ်ကဆိုသည်။ ထို့ပြင် ဂါဇာဒေသ၌ ၁၀မိနစ်တိုင်းကလေးတစ်ယောက် သေဆုံးလျက်ရှိသည်ဟု ဂါဘရီယဆက်စ်က ဆိုသည်။

      လွန်ခဲ့သည့် ၄၈ နာရီအတွင်း ဆေးရုံ လေးရုံတွင် လုပ်ငန်းဆောင်ရွက်မှုများကို ရပ်ဆိုင်းထားရသည်။

      အရပ်သားများ ထပ်မံသေဆုံးမှုကို ကာကွယ်တားဆီးရန်နှင့် ဂါဇာကမ်းမြောင်၏ဆေးရုံများနှင့်
ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများကို ထပ် မံမပျက်စီးရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ဆက် လက်တောင်းဆိုပါကြောင်း ၎င်းက ပြောကြားသည်။

      အစ္စရေး၏ တိုက်ခိုက်မှုများသည် ရက်စက်ပြီး လူမဆန်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုသံအမတ်ကြီး လာနာဇာကီနူဆီဘက်ရှ်က ပြောကြားသည်။

      ဟားမတ်စ်အဖွဲ့သည်ဆေးဘက်ဆိုင်ရာ အလုပ် သမားများနှင့် လူနာများကို လူသားဒိုင်းအဖြစ် အသုံး ပြုနေသည်ဟု အစ္စရေးသံအမတ်ကြီး ဂျီလက် အာဒန်က စွပ်စွဲပြောကြားသည်။

#PAN