မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ အမှတ်(၈၆၇)နေအိမ်ရှေ့တွင် ဆိုင်သိမ်းပြီး ပြန်လာသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးရတနာပစ္စည်းများ လုယက်ခံရ


နိုဝင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၁)ရပ်ကွက်၊ သုမိတ္တာ(၂၂)လမ်း၊ အမှတ်(၈၆၇)နေအိမ်ရှေ့တွင် ယမန်နေ့ည ၆နာရီ ၂၀မိနစ် အချိန်ခန့်က အမျိုးသမီး (၁)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသဖြင့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မအေးသဇင်နွယ်(၃၅)နှစ်(ဘ)ဦးသန်းတင်(ခန့်မြတ်ချယ် စိန်/ရွှေ ရတနာပစ္စည်းရောင်းဝယ်ရေး)သည် (ဈ)ဈေးရှိ ခန့်မြတ်ချယ်ဆိုင်မှ နေအိမ်သို့ ကားဖြင့် ပြန်လာခဲ့ကြောင်း၊ ထို့နောက်ကားအား နေအိမ်အတွင်းသို့ နောက်ဆုတ်၍ ဝင်ရောက်ပြီး ကားပေါ်မှ ဆင်းစဉ် ဆိုင်ကယ်(၂)စီး လူ(၃)ဦး(စိစစ်ဆဲ)မှ နေအိမ် ခြံစည်းရိုးဝင်းအတွင်း ဝင်ရောက်ပြီး မအေးသဇင်နွယ်ကို သေနတ်နှင့်ချိန်၍ ရွှေထည်ပစ္စည်းများထည့်ထားသည့်အိတ်အားတောင်းယူခဲ့ကြောင်း၊ ၎င်းမှ ဓါးပြဟုအော်ဟစ်သည့်အခါ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဝဲလက်မောင်း ဖောက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)ထိမှန်ခဲ့ကြောင်း၊ မအေးသဇင်နွယ် မှ သိမ်းဆည်းယူဆောင်လာသည့် စိန်/ရွှေထည်ပစ္စည်းမျိုးစုံ (စိစစ်ဆဲ/တန်ဘိုး ကျပ်သိန်း ၁၀၀၀၀ ခန့်)အား လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာရရှိသူ ဒေါ်အေးသဇင်နွယ် အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက် ရှိပြီး တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews