၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနား ကျင်းပမည်

နိုဝင်ဘာ ၉

      ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ပေးပွဲအခမ်းအနားကို ကျင်းပသွားရန်ရှိသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါသည်။

       ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှာ ကျင်းပပြုလုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးတို့  ဒုတိယအကြိမ် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရန်  ဆွေးနွေးခဲ့ကြသည်။

       အဆိုပါ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားအတွက် တာဝန်ရှိသူများက အင်တိုက်အားတိုက် ဆောင်ရွက် နေသကဲ့သို့ ရုပ်ရှင်အနုပညာသမားများအနေနှင့်လည်း တက်တက်ကြွကြွပါဝင်ပေးကြရန် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုထားပါသည်။

      ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တွေမှာ အကယ်ဒမီဆုပေးပွဲ ကျင်း ပမှုကို  ၃ နှစ်ကြာ ရပ်နားခဲ့ရကာ ၂၀၂၃ ခုနှစ် မေလအတွင်းက နေပြည်တော်မှာ ၃ နှစ်စာပေါင်းပြီး ပြန် လည် ကျင်းပခဲ့တာ ဖြစ်ပါသည်။

#PAN