နိုဝင်ဘာ ၉
ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့နယ် ၊ ပုရစ်ဖာနှိုင်းကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ကို တိုက်ခိုက်ရန် နောက်ကြောတောစပ်ဘက်မှ လာသော အကြမ်းဖက် PDFများကို ဒေသခံလုံခြုံရေးပြည်သူ့စစ် ၊ ရှမ်းနီတပ်(SNA) ၊ တပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။
ထိုသို့ခုခံတိုက်နေစဉ် အတွင်းချင်းတွင်းမြစ်၏ အနောက်ဘက်ကမ်းရှိ ထုံမာတဲကျေးရွာရှိ ဒေသလုံခြုံရေးပြည်သူ့စစ်နှင့် တပ်မတော်မှ လက်နက်ကြီး အမြောက်များဖြင့် တိုက်ပွဲဖြစ်ပွားရာ မြစ်အရှေ့ဘက်ကမ်းရှိ ပုရစ်ဖာနိုင်းရွာ နောက်ကျောအား လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ အကြမ်းဖက် PDF အလောင်း ၂ လောင်းရရှိပြီး အကြမ်းဖက်အဖွဲ့မှ ၈ ဦး ဒဏ်ရာရကာ စန်းဆိုင်ရွာသို့ ဆုတ်ခွာသွားကြောင်းသိရှိရပါသည်။
SNA ရှမ်းနီတပ်မှ ၂ ဦးဒဏ်ရာရရှိထားကြောင်းသိရပါသည်။
#PAN
Telegram link
https://t.me/positiveanglenews
#PAN