သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီးသွား ၇,၆၀၀ ကျော် ဝင်ရောက်ခဲ့

နိုဝင်ဘာ ၉

      ခရီးသွားရာသီအစဖြစ်သည့် သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည်သည့် ၇,၆၀၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲမှ သိရပါသည်။

      အဆိုပါ ငွေဆောင်ကမ်းခြေသို့ ပြီးခဲ့သည့် အောက် တိုဘာလအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ၃၇,၆၃၉ ဦး ဝင်ရောက်ခဲ့သည့်အနက် သီတင်းကျွတ်ပွဲတော်ကာလ ၃ ရက်အတွင်း ပြည်တွင်း၊ ပြည်ပခရီး သွား ၇,၆၉၆ ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ငွေဆောင်ရုံးခွဲ တာဝန်ခံတစ်ဦးထံမှ သိရပါသည်။

       ၂၀၂၃ ခုနှစ်ရဲ့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပခရီး သွား ဧည့်သည် ၃ သိန်း ၂ သောင်းကျော်ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလတွင် ၂ သိန်းကျော်သာ ဝင်ရောက်ခဲ့သည့်အတွက် တစ်သိန်းကျော် တိုးလာကြောင်း သိရပါသည်။

      ငွေဆောင်ကမ်းခြေတွင် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်နိုင်ကြောင်း သိရပါသည်။

#PAN