သပိတ်ကျင်းမြို့ နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သောင်းကျန်းသူ PDF များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်

နိုဝင်ဘာ ၉

      မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သောင်းကျန်းသူ PDF များက Drop Bomb များအပါအဝင် လက်နက်ကြီး၊ငယ်များဖြင့် ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက် ခိုက်ခဲ့သည်ဟု သိရပါသည်။

      ဖြစ်စဥ်မှာ အကြမ်းဖက် PDF အင်အား ၁၀၀ ခန့်သည် ယနေ့  နံနက် ၄ နာရီ ၂ မိနစ်အချိန်ခန့်တွင်  Drone ၆ စီးဖြင့် Drop Bomb များ ပစ်ချပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှုးရုံး အခြေပြု လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်သဖြင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်း ဖက် PDF များက ပြည်သူ ၃ ဦးအား ဓါးစာခံပြု လုပ် ဖမ်းဆီး၍ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရပါသည်။

      အကြမ်းဖက် PDF အဖွဲ့မှ Drop Bomb များ ပစ်ချပြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှုးရုံးအနီး ရပ်ထားသော မော်တော်ယာဥ် ၂ စီး ဗုံးစထိမှန် ပျက်စီးခြင်း၊ အုပ်ချုပ်ရေးမှုးရုံး နံရံများ ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

      အကြမ်းဖက် PDF များက ဓါးစာခံပြုလုပ်ဖမ်းဆီးသွားသော ပြည်သူ ၃ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၁ ဦးမှာ သေနတ်ထိမှန် ဒဏ်ရာရရှိထားကြောင်း သတင်းရရှိပါသည်။

#PAN