နိုဝင်ဘာ ၉
■ လားရှိုးမြို့နယ်၊ မိုင်းတင်းကျေးရွာအနီးရှိ တပ်မ တော် စခန်းကုန်းသို့ ချဥ်းကပ်လာသောအကြမ်းဖက်သောင်းကျန်းသူ များသည် ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် မိုင်းကွင်းနင်းမိ၍ အထိအခိုက်အသေဆုံးများရှိပြီး လူစုကွဲဆုတ်ခွါပြေးခဲ့ကြောင်း သိရသည်။
■ လားရှိုးမြို့နယ်၊ နားဖကျေးရွာအနီးမှ ချဉ်းကပ်လာသော အကြမ်းဖက်အဖွဲ့များနှင့် တပ်မတော်စစ် ကြောင်းတို့ ညနေ ၅ နာရီအချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
■ လားရှိုးမြို့နယ်၊သံလွင်ကျေးရွာဖက်မှ ဒရုန်းများတက်လာသည်ဟု ယူဆရသော ကျေးရွာအနီးတဝိုက်နေရာများသို့ လက်နက်ကြီးများဖြင့်ပစ် ခတ်ချေမှုန်းခဲ့သည်။
■ နောင်ချိုမြို့နယ်၊ ငုတ်ကလေးကျေးရွာအနီးတွင် နိုဝင်ဘာ(၈)ရက်နေ့ ညမှစ၍ အကြမ်းဖက်များအား တပ်မတော်စစ်ကြောင်းများက တစ်ညလုံး ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်တွင် မိုင်းတွင်း၊ ပဇီ၊ ကော်ပေါင်၊ ပင်တီး၊ ဆိတ်ဖူး၊ နမ့်အိုက်ကယ်၊ လောင်ဖန်းဘိလပ်မြေစက်ရုံးများ လမ်းအတိုင်း အကြမ်းဖက်အင်အား ခန့်မှန်း ၂၅၀ / ၃၀ဝ ခန့် လေးလုံးထိုးကားများဖြင့် ထပ်မံပို့ဆောင်ပေးခဲ့ပြီး ည ၈ နာရီခွဲအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းများအား အဝေးမှ ရှော့တိုက်ဒုံးများ၊ အာပီဂျီများ၊ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ရာ လူ၊ ပစ္စည်း ထိခိုက်မှု့မရှိကြောင်း သိရသည်။
■ နောင်ချိုမြို့နယ်အတွင်း ဖြန့်ခွဲ ရောက်ရှိနေသော အကြမ်းဖက်သောင်းကျန်းသူများကို တပ်မတော်စစ် ကြောင်းများက လက်နက်ကြီး ပစ်ကူများဖြင့် ပိုက်စိပ် တိုက် ရှင်းလင်းရာ ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်မှစ၍ အကြမ်းဖက်များ သည် အကျအဆုံးများဖြင့် လေးလုံးထိုးကား ၉၄ စီးဖြင့် ပြန်လည်ဆုတ်ခွါထွက် ပြေးသွားခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများက ဆက်လက်နယ် မြေရှင်းလင်းခဲ့ရာ အုမ္မတီးလမ်းခွဲမှ နောင်ချိုမြို့အထိပြည်ထောင်စုလမ်းမကြီးအား ပြုပြင်ရှင်း လင်းနိုင်ခဲ့ကြောင်း သိရပါသည်။
■ နောင်ချိုမြို့ အနီး ဂုတ်တွင်းတံတားနှင့် ကင်းစခန်းအား အကြမ်းဖက်သောင်းကျန်းသူအင်အား ၃၀ဝ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်ရန်စီစဉ်နေကြောင်း သိရသည်။
■ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များသည် ကျောက်မဲမြို့နယ်၊ လုံကြိမ်ကျေးရွာ ဘုန်းကြီး ကျောင်း၏ နောက်ကျော တောင်ကုန်းပေါ်တွင်နေရာယူထားသည်ဟု သတင်းရရှိသည်။
■ ကျောက်မဲမြို့မှ အကြမ်းဖက်များရှိရာနေရာများသို့ အတွဲလိုက်ဒုံးများဖြင့် မကြာခဏ ပစ်ခတ်ချေမှုန်းလျှက်ရှိကြောင်း၊ လု့ခွန်ရွာသို့ နိုဝင်ဘာ ၈ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိခဲ့သော KIA / TNLA /PDF အကြမ်းဖက်ခေါင်းဆောင်များ မိုင်းငေါ့ဖက်သို့ ယနေ့ မွန်းလွှဲပိုင်းတွင် ထွက်ခွာသွားသည်ဟု ဒေသခံများထံမှ သိရပါသည်။
■ နမ္မတူသို့ တပ်မတော်စစ်ကြောင်းအချို့ကထပ်မံရောက်ရှိခဲ့ကြောင်း၊ ၎င်း စစ်ကြောင်းအချို့သည် မြို့အပြင်ကာကင်းကုန်းများသို့ နေရာယူပြီးဖြစ်ကြောင်း၊ အကြမ်းဖက်များ တပ်စွဲထားရာ ဘော်တွင်းဖက်သို့ အတွဲလိုက်ဒုံးများဖြင့် ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စတင်ချေမှုန်းခဲ့ဟု သိရသည်။
#PAN