ပီရူးဖိုက်တာ Kevin Borjas နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် Joshua Van

နိုဝင်ဘာ ၉

နိုဝင်ဘာလ(၁၂)ရက် လာမယ့်တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် နယူးယောက်မြို့ Madison Square Garden ၌ UFC-295 ပွဲစဉ်မှာ Joshua Van သည် သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

အသက် (၂၁) သာရှိသေးတဲ့ မြန်မာ ပြည်ဖွားချင်းတိုင်းရင်းသားလေး Joshua Van ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့နံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးပွဲဦးထွက်တင်ပွဲဆူစေခဲ့သူပါ။ Joshua Van သည် UFC မှာပွဲထွက်ခွင့်ရတဲ့ ပထမဆုံးမြန်မာ့တိုက်ခိုက်ရေး ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Joshua Van သည် Fury MMA ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံရွှေခါးပတ်ဆုကို ရရှိခဲ့ပြီးနောက် လက်ရှိမှာ UFC ဖလိုင်းဝိတ်တန်းမှာယှဉ်ပြိုင်ခွင့်တစ်နေရာကို ရယူပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေပါတယ်။

အသက်25နှစ်ရှိ kevin Borjas သည် အရပ်အမြင့် 5 ပေ 5 လက်မ ရှိပြီး mma ပွဲမှတ်တမ်းဖြင့် 10 ပွဲကစားထား 9 ပွဲကို အနိုင်ယူထားကြောင်းလည်း သိရပါတယ်။