စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နောက်ဆုံးရ ထူးခြားသတင်းများ

နိုဝင်ဘာ ၈

■   ထီးချိုင့်မြို့ပေါ်ရှိ ရွှေကူတောင်ဘုန်းကြီး ကျောင်း တောင်ရိုးပေါ် သို့ ယနေ့ နံနက်ပိုင်းက အကြမ်းဖက် KIA /AA / PDFများရောက်ရှိနေကြောင်း သိရသည်။

■   အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ကို ထိုးစစ်ဆင်ရန် အကြမ်းဖက်သောင်းကျန်းသူ KIA / ABSDF / PDF ပူးပေါင်းအဖွဲ့များ သည် တမူးမြို့အနီးရှိ ကျေးရွာများ၌ ခြေကုပ်ယူလှုပ်ရှားလျက်ရှိကြောင်း၊ တမူးမြို့ နယ်၊ ပန်းသာပြည်သူ့စစ်ရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ ရန်ငြိမ်းအောင်ရွာနှင့်မြောက်ဘက် ၁ မိုင်ခန့်အကွာ မန်မော်ရွာတို့တွင်အကြမ်းဖက် PDF အင်အားအများအပြား ရောက်ရှိနေခဲ့ကြောင်း သိရသည်။

■   ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပန်းသာကျေးရွာသို့ ပန်းသာရွာမ(ယခင့် PDF များသိမ်း ပိုက်ထားသည့်နေရာ)နှင့် တောင်ဘက် မန်မော်ရွာဘက်မှ လက်နက်ကြီးများနှင့် စတင်ပစ်နေကြောင်း သတင်း ပေးပို့လာပါသည်။

■   ယနေ့ မွန်းလွဲပိုင်းတွင် ပန်းသာကို သာလွန်အင်အားဖြင့် စတင်တိုက်ခိုက်ကြောင်း၊ ညနေ ၃ နာရီ ၁၀ မိနစ်တွင် တပ်မတော်လေမှ ဂျက်လေယာဥ် တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

■   အကြမ်းဖက်သောင်းကျန်းသူ KIA /ABSDF / PDF ပူးပေါင်းအဖွဲ့များသည် တမူးမြို့ကို နိုဝင်ဘာ ၁၀ရက်နေ့တွင် တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း သိရပါသည်။

■    တမူးမြို့အထက်ပိုင်း တမူးမြို့မှ မိုင် ၂၀ ခန့်ဝေးသော မင်းသာကျေးရွာလုံခြုံရေးအဖွဲ့အား တိုက်ခိုက်ရန် မြောက်ဘက်တွင် နန်းသလက် ချောင်းအနီး၊ တောင်ဘက်တွင် ဝက်ရှုကျေးရွာအနီး၊ အရှေ့ဘက်တွင် နောင်ကက်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များရောက်ရှိနေကြောင်း၊ရွာသူရွာသားများမှာ ထွက် ပြေးတိမ်းရှောင်ရေးပြင်ဆင်နေကြကြောင်း ယနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ဒေသခံရွာသားများမှ သတင်း ပေးပို့လာသည်။

■   ဗန်မောက်မြို့နယ်၊ မြောက်ပိုင်း ကိုင်းကြီးကျေးရွာလည်ခေါင် အလှူခံတဲတွင်အကြမ်းဖက် PDF များ လူစုဝေးရောက်ရှိနေပြီး တုန်ဖုန်းကားများရှိသော ကားပိုင်ရှင်များကို လူရောကားရော ချောဆွဲနေကြောင်း၊ ”ကျွဲကောကြီး-ခေါင်းကိုက်လမ်းဆုံကိုသွားနေရမယ်။ မြို့ကို ဒီနေ့တိုက်ဖို့သွားရမှာဟုပြောနေကြကြောင်း ” ဒေသခံရွာသားများထံမှ သိရပါသည်။

■   ဗန်မောက်မြို့၊ တောင်ပိုင်း လုံးကင်းကျေးရွာတွင်လည်း အလားတူ PDFများစုဝေးနေပြီး ကားများချော ဆွဲနေကြကြောင်း၊ ၄င်းတို့ NUG ရုံးစိုက်ထားသော ပေါက်နက်ကုန်းကျေးရွာတွင်လည်း ရုံးထိုင်နေသော အကြမ်းဖက် PDFများသည် ရုံးရွှေ့တော့မယ်ဟုဆိုကာ ထွက်ခွါသွားကြကြောင်း ဒေသခံရွာသားများမှသတင်း ပေးပို့လာပါသည်။

■   ဗန်မောက်မြို့၊ အနောက်ပိုင်း အလည်ရွာကျေးရွာတွင်နေသော PDFများမှာလည်း ရွာတွင်မနေတော့ပဲ တောင်ပိုင်းကိုသွားမည်ဟု ဆိုကာ တုန်းဖုန်းကားကို ချောဆွဲပြီး မံကပ်ကျေးရွာဘက်သို့ ထွက်ခွါသွားသည်ဟု သတင်းပေးပို့လာပါ သည်။

■   ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပြည်သူ့စစ်များရှိရာ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာ မင်္ဂလာဆောင်ပွဲ ကျင်းပရာသို့ အကြမ်းဖက် PDF များက Drone ၃ စီးဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ဦးသက်နိုင်ဦး ၊ ၃၂ နှစ်၊ ကျန်းမာရေးမှူး သည် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပြည်သူ ၃၀ ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါသည်။

■   ရေဦးမြို့အား နောက် ၃ ရက်အတွင်းအကြမ်းဖက် PDF များက သိမ်းယူမည်ဟု ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာနေ PDF များက ယနေ့ နံနက်ပိုင်းက ပြောဆိုနေကြောင်း သိရသည်။

■   ပင်လည်ဘူးမြို့ ယနေ့ ညနေ ၃ နာရီအချိန် ဖုန်းသတင်းအရ ၅ မိုင်ဝန်းကျင်မှ ကျေးရွာများကို မြို့ထဲသို့မသွားရန် အကြမ်းဖက် PDF များက ကားဖြင့် လိုက် လံကြေငြာထားကြောင်း၊ ဖုန်းရရှိချိန်တွင် လက်နက် ကြီးသံများသာကြားရကြောင်း၊ ပင်းကြိုင်းကျေးရွာမှ ရွာသားတစ်ဦး၏ ပြောပြချက်အရ ပင်လယ်လယ်ဘူးမြို့ သိမ်းခံရသည်မှာ မဟုတ်ကြောင်း၊ သိမ်းခံရလျှင်သူတို့သိမှာဖြစ်ကြောင်း သိရှိရပါသည်။

#PAN

One thought on “စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နောက်ဆုံးရ ထူးခြားသတင်းများ

Comments are closed.