နိုဝင်ဘာ ၂
ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်တွင် လယ်ဝေးမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ ထိစပ်နေသော ကိုးပင်-သဂရ ကားလမ်းမိုင်တိုင် အမှတ် (၅၀)မိုင်တွင် လူသတ်အကြမ်းဖက် PDFသောင်းကျန်းသူအင်အား ၅၀ခန့်၊ ခေါင်းဆောင် စီစစ်ဆဲအဖွဲ့မှ ကားလမ်း၏ မြောက်ဘက်ခြမ်း လမ်းဘေးရှိဈေးဆိုင်ခန်းများအား သေနတ်ဖြင့် လာရာက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လူသတ်အကြမ်းဖက် PDF များ၏ ရမ်းသမ်းပစ်ခက်မှုကြောင့် ဒေါ်ပြည့်(ဈေးဆိုင်ပိုင်ရှင်)၊ ၅၅ နှစ်၊ (ဘ)ဦးကျော်၊ ထန်းပင်တဲကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူနှင့် ဈေးဆိုင်သို့ အလည်ရောက်နေသူ ဘုရားလေးကျောင်း ကျောင်းထိုင် ဆရာတော် ဥူးခေမိန္ဒ၊ သက်တော် ၃၈ နှစ်၊ ပွေးစားခင်းကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူတို့ ၂ ဦး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး PDF သောင်းကျန်း သူများသည် ဆိုင်ကယ်များဖြင့် ဆင်ပေါင်ဝဲမြို့နယ် ဘန်းကုန်းကျေးရွာ အနီးသို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။ သေဆုံးသူများ၏ ရုပ်အလောင်းများကို နီးစပ်ရာဆေးရုံသို့ သယ်ယူ နိုင်ရေး စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲမှ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက် အဖွဲ့များ သည် ယခုလို အေးချမ်းစွာ ရောင်းဝယ်စားသောက်နေထိုင်လိုကြသော အများပြည်သူများ၏ ကျောင်းအဆောက်အဦ၊ ပစ္စည်းများကို နည်းမျိုးစုံဖြင့် နှောက်ယှက်၊ ဖျက်ဆီး၊ ခြိမ်းခြောက်၊ သတ်ဖြတ်နေခြင်းသည် လက်ရှိတပ်မတော်အစိုးရကို ထိခိုက်ခြင်းထက် တိုင်းပြည်၏ အနာဂါတ်ကိုဖျက်ဆီး နေခြင်းဖြစ်ရာ အလုံးစုံပျက်သုဥ်းခြင်းသို ဦးတည်ဆောင်ရွက် နေကြောင်း ပေါ်လွင်ထင်ရှား လျက်ရှိပါသည်။
#PAN