အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုရိပ်သာလမ်းရှိ ရန်ကုန်ကလေးဆေးရုံကြီး(ဟယ်လ်ပင်)ရှိဝန်ထမ်းမိသားစု၏ (၂၉)ကြိမ်မြောက် ဆွမ်းသိမ်းအောင်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား အောက်တိုဘာလ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် အဆိုပါဆေးရုံဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
နံနက်ပိုင်းတွင်ဆေးရုံဝန်းအတွင်းရှိ စုပေါင်းဓမ္မာရုံ၌ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦး အမှူးပြုသော ဆေးရုံကြီးဝန်းအတွင်းရှိ ဆရာဝန်၊ဆရာမများနှင့် ဝန်ထမ်းမိသားစုများမှ မနာပဒါယီကိုးရီးယားဆရာတော် အရှင်ဝိစိတ္တ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များထံမှ သီလခံယူခြင်း နှင့်စုပေါင်းလှူဒါန်းမှုအစုစုတို့အား ရေစက်ချတရားတော်များအတူတကွ နာယူ သီလဆောက်တည်ခဲ့ပြီး ဆရာတော်မှအနုမောဒနာတရားချီးမြှင့်ခဲ့ပြီး လှူဖွယ်ပစ္စည်းများအားလှူဒါန်းခဲ့ကာ လှူဒါန်းမှူအစုစုအတွက်ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ပင့်ဖိတ်၍ကြွရောက်လာကြသော ဆရာတော် သံဃာတော်များအား နေ့ဆွမ်းနှင့် ဘောဇဉ်ချိုချဉ်များ ဆပ်ကပ်လှူဒါန်းခဲ့သည်။
မွန်းလွှဲ(၃)နာရီခွဲတွင် ဝါတွင်းကာလအတွင်း တနင်္ဂနွေနေ့တိုင်း ဆေးရုံကြီးအနီးပက်ဝန်းကျင်ရှိ စာသင်/စာချ၊ ဝါဆို/ဝါကပ်တော်မူကြသော ဘုန်းတော်ကြီးကျောင်းများမှပင့်လျှောက်ထားသော စာသင်တိုက်(၇)တိုက်မှ ဆရာတော်သံဃာတော်များ၊ ရဟန်း၊သာမဏေများအား ကလေးဆေးရုံကြီးရှိဝန်ထမ်းမိသားစုများမှ ဆွမ်းဆန်နှင့်လှူဖွယ် ပစ္စည်းများအား လောင်းလှူပူဇော်ခဲ့ကြပါသည်။ ဟယ်လ်ပင်ကလေးဆေးရုံကြီး၌ ဝါတွင်းကာလသုံးလအတွင်း ဆေးရုံအနီးပက်ဝန်းကျင်ရှိ စာသင်တိုက်များအား အပတ်စဥ် တနင်္ဂနွေနေ့တိုင်း စုပေါင်း၍ဆွမ်း/ ဆွမ်းဟင်း၊လှူဖွယ် ဝထ္ထူများစုပေါင်းလှူဒါန်းခြင်း ၊အဖိတ်နေ့ညနေတိုင်း ဝတ်ရွတ်စဥ်အဖွဲ့များသတ်မှတ်၍ စုပေါင်း၍ဝတ်ရွှတ်ခြင်း၊မေတ္တာပို့ခြင်း ၊ပဋ္ဌာန်းဒေသနာတော်များရွတ်ဖတ်ခြင်း၊ ဥပုသ်နေ့များတွင် စုပေါင်းလှူဒါန်း၍ သီလခံယူကျင့်သုံးခြင်းတို့အား အစဥ်တစ်စိုက်ဆောင်ရွှက်ခဲ့ကြောင်းသိရသည်။ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲနှင့် အဘိဓမ္မာအခါတော်နေ့ ဆွမ်းသိမ်းပွဲအား ရန်ကုန်မြို့ကလေးဆေးရုံကြီးဟယ်လ်ပင်တွင် အစဥ်အလာမပျက် ကျင်းပပြုလုပ်လျှက်ရှိသည်။
#PAN
Telegram link
https://t.me/positiveanglenews