ဖားကန့် မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လုံးခင်းကျေးရွာရပ်ကွက် ၂ ရှိ ဦး ဂျာနူး၏ ငွေလွှဲဝန်ဆောင်မှု ဆိုင် ဓားမြတိုက်ခံရမှု ဖြစ်ပွား

အောက်တိုဘာ ၃၁

ယနေ့ ၊နံနက် ၁၀နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ် ၊
ဖားကန့် မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု လုံးခင်းကျေးရွာ ရပ်ကွက် ၂ ရှိ ဦး ဂျာနူး၏ ငွေလွှဲဝန်ဆောင်မှု ဆိုင် ဓားမြတိုက်ခံရကြောင်းသိရှိရပါသည်။

ဂျာနူး၏ ငွေလွှဲဝန်ဆောင်မှု ဆိုင်ကို လူ ၃ ဦးပစ္စတိုကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာရာ ဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းများအား သေနပ်ဖြင့်ချိန်၍ မှောက်စေခိုင်းကာ ကောင်တာအတွင်းရှိငွေနှင့် ဘီရိုအတွင်းရှိ ငွေများကို ဓားမြတိုက်ယူဆောင်သွားခြင်းခံရကြောင်းခံရကြောင်းသိရှိရပြီး ငွေကျပ်သိန်း ၁၂၀၀၀ ခန့်ပါသွားကြောင်း သိရှိရပါသည်။

အဆိုပါ ဓားမြတိုက်သူတို့သည် အကြမ်းဖက် PDF အဖွဲ့များဖြစ်ကြောင်း၊ ၎င်းဆိုင်၏ ပတ်ဝန်းကျင်များနှင့် ဒေသခံများထံမှ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews