သာယာကုန်းရပ်ကွက်မှ အသက် ၁၂ နှစ်နှင့် ၉ နှစ် အရွယ် ကလေးငယ် ၂ ဦး သေဆုံးကာ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိ

အောက်တိုဘာ – ၃၀

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ TNLA အကြမ်းဖက်သမားများက အောက်တိုဘာ ၂၇ ရက် နံနက် ၅ နာရီခန့်တွင် ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သာယာကုန်း ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အပြစ်မဲ့ကလေး ငယ် ၂ ဦးသေဆုံးကာ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

  ဖြစ်စဉ်မှာ TNLA အကြမ်းဖက်သမားများက နမ့်ခမ်းမြို့အတွင်းသို့ မြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှနေ၍ ရှော့တိုက် ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက် သမားများ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒုံးသီးများသည် နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက် ၁၂ နှစ်နှင့် ၉ နှစ်အရွယ် အပြစ်မဲ့ကလေးငယ် ၂ ဦး သေဆုံးခဲ့ကာ အသက် ၄ နှစ် အရွယ်ကလေးငယ် ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

 အဆိုပါ ဒဏ်ရာရရှိသည့် ကလေးငယ်အား နမ့်ခန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်မြေပြင်မဟုတ်သော အများပြည်သူ သွားလာ နေထိုင်သော မြို့ပြများ၊ အသုံးပြုနေသည့် လမ်းများတွင် ယခုလို မိုင်းထောင်ခြင်း၊ရှော့တိုက်ဒုံးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် အပြစ်မဲ့ပြည်သူများထိခိုက် သေဆုံးစေနိုင်သည့် လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ (၂)ပါ ပြည်တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက်စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည် ဟုသော ပြဌာန်းချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သိရသည်။

PAN