ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ယာဉ် တစ်စီးပေါ်မှ တရားမဝင် ဝင်ရောက်လာရန် သယ်ဆောင်လာသော တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိ

အောက်တိုဘာ ၂၈

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်အတွင်း ယာဉ်ဝင်/ထွက်သွားလာမှုများကို စစ်ဆေးကြပ်မတ်လျက်ရှိရာ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်နေစဉ် ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသော ယာဉ် မောင်း သဲမင်းစိုး (ဘ) ဦးတင်ဆွေ၊ ၃၇ နှစ်၊
တပိုးအုပ်စု၊ တပိုးရွာ၊ တန့်ဆည်မြို့၊ စစ်ကိုင်း တိုင်းဒေသကြီး နေထိုင်သူမောင်းနှင်သော ယာဉ်အမှတ်၊ YGN-12/6G-6747 SURF အဖြူရောင် (လိုင်စင်မဲ့) ယာဉ်အား စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်၌ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာရန် သယ်ဆောင်လာသော တရုတ်နိုင်ငံသား ၇ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့သည်ဟု သိရပါသည်။

       ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများမှာကျန်းကျင့်ထုံ (ဘ)ကျန်းပေဟုန်၊ ၁၇နှစ်၊ တရုတ်/ဗုဒ္ဓ၊ စားပွဲထိုး၊ ကျန်မောင်မြို့၊ ကွမ်တုံပြည်နယ်၊ တရုတ်နိုင်ငံ၊ ထန်ကျင့်ထုံ (ဘ)ထန်ပေါက်ချင်း၊ ၂၃ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊ချုံ့ချင်မြို့၊ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ စွမ်းကျင်ပဲ့ (ဘ)စွမ်းကျန့်ရှန့်၊ ၄၈ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊လီယင်ရဲ့မြို့၊ ရှန့်တုန်ပြည်နယ်၊ တရုတ်နိုင်ငံ၊ လျှိုတာကွမ် (ဘ) လျှို့စီးချန်၊ ၂၇ နှစ်၊ တရုတ်/ ဗုဒ္ဓ၊ကျပန်း၊ကျန်းဖေမြို့၊ကွမ်တုံပြည်နယ်၊ တရုတ်နိုင်ငံ၊ ချန်းတုံရှီ (ဘ)ချန်းကျင့်ရှဲန်၊ ၂၄ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊ဖန်ကျီရွှေရွာ၊ ဟွေနန်မြို့၊ အန်ဝေးပြည်နယ်၊တရုတ်နိုင်ငံ၊ လျှိုကျင်းယွန် . (ဘ)လျှိုကောချွမ်၊ ၄၄ နှစ်၊ တရုတ်/ဗုဒ္ဓ၊ခရီးဆောင်အိတ်ချုပ်၊ ရှောင်ကျာဝမ်ရွာ၊ ဝင်ဆန်းကျုံမြို့၊ ယူနန်ပြည်နယ်၊တရုတ်နိုင်ငံ၊ လင်ချိုင်ယိ (ဘ)လင်ဆစ်ချွမ်၊၄၈ နှစ်၊ တရုတ်/ဗုဒ္ဓ၊ ကျပန်း၊တုံးကျန်ရွာ၊ချန်ကျိုးမြို့၊ ဖူကျန့်ပြည်နယ်၊ တရုတ်နိုင်ငံတို့ဖြစ်ကြောင်း သိသည်။

       အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသားများ သည် Wechat အကောင့်မှ တစ်ဆင့် ခင်မင်ရင်း နှီးခဲ့သည့် ဝမ်မင်ဆိုသူမှ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်၊ ဟွေဆိုင်းခရိုင်၊ တုံဖုန်မြို့နယ်အတွင်းရှိ ရွှေတြိဂံအထူးစီးပွား ရေးဇုံတွင် အွန်လိုင်းလောင်းကစားလုပ်ငန်း၊ ငါးဂိမ်းခုံလုပ်ငန်း၊ စား သောက်ဆိုင်လုပ်ငန်းများကို တစ်လလျှင် တရုတ်ယွမ် ၁၀၀၀၀ ယွမ်ဖြင့် လုပ်ကိုင်ရမည်ဖြစ် ကြောင်း ဆက်သွယ်လာသဖြင့် ၂၀၂၃ အောက် တိုဘာလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံမှတစ်ဆင့် ဝမ်မင် မှ စီစဉ်ပေးသည့် အငှားမော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့  နံနက် ၈ နာရီအချိန်ခန့်တွင် တရုတ် – မြန်မာနယ်ခြား မှတ်တိုင် BP(၂၁၅)အနီးရှိ ငှက်ပျောခြံသို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ခဲ့ပြီး ဆီလူး – မိုင်းယန်း – မိုင်းခတ် – ဝမ်တာပုံ – ကျိုင်းတုံ လမ်းကြောင်းအတိုင်း စစ်ဆေးရေးဂိတ်များအား ရှောင်ကွင်း၍ တောလမ်းအတိုင်း မော်တော်ဆိုင် ကယ်များဖြင့် ထွက်ခွာခဲ့ရာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် အမည်မသိရွာတစ်ရွာသို့ ရောက်ရှိညအိပ်ခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့  နံနက် ၆ နာရီအချိန်ခန့်တွင် ၎င်းနေရာမှ မော် တော်ဆိုင်ကယ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ နံနက် ၈ နာရီအချိန်ခန့်တွင် ရေချောင်းသို့ ရောက်ရှိခဲ့ပြီး ဖောင်ဖြင့်ကူးခဲ့၍ အသင့်စောင့်ဆိုင်းနေ သည့် မော်တော်ယာဉ် ၁ စီးပေါ်သို့ ဆက်လက်လိုက်ပါခဲ့ကြောင်း၊ နံနက် ၁၀ နာရီအချိန်ခန့်တွင် အမည်မသိမြို့တစ်မြို့သို့ရောက်ရှိခဲ့၍ လမ်းကြားတစ်နေရာ အရောက်တွင် အသင့်စောင့်ဆိုင်းနေသည့် မော်တော်ယာဉ် ၁ စီးပေါ်သို့ ပြောင်းရွှေ့လိုက်ပါခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

      ဖမ်းဆီးရမိတရုတ်နိုင်ငံသားများအား လိုက်ပါပို့ဆောင်သူ မြန်မာနိုင်ငံသား သဲမင်းစိုး သည် မန္တလေးမြို့၊၈၀/၃၁လမ်း၊ ပြည်ကြီးတံခွန်မြို့နယ်၊စက်မှု(၁)၊ အောင်သံပန်းလုပ်ငန်းလုပ်ကိုင်ရာ အဆင်မပြေသဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျိုင်းတုံမြို့သို့ အလုပ်လုပ်ရန်အတွက် ထွက်ခွာလာခဲ့ပြီး ကျိုင်းတုံမြို့၊ နောင်နွန်း၊ ရပ် ကွက်(၁)တွင် အခန်းဌား၍ နေထိုင်ခဲ့ကြောင်း၊ ၎င်းနောက် အလုပ်အဆင်မပြေသဖြင့် သံပန်းလုပ်ငန်းအတူလုပ်ကိုင်ခဲ့သည့် သူငယ်ချင်းဖြစ်သူ မင်းမင်း ဆိုသူအား ဖုန်းဖြင့်ဆက်သွယ်၍ အကူအညီတောင်းခဲ့ရာ မင်းမင်းမှ တာချီလိတ်မြို့ (နေရပ် လိပ်စာအတိအကျမသိ)တွင် နေထိုင်သည့် ကိုထွန်းမြင့်ကျော် ၏ ဖုန်းနံပါတ် (၀၉- ၉၇၅၄၆၇၆၉၆)အားပေး၍ ၎င်းမှဆက်သွယ်ခဲ့ရာကိုထွန်းမြင့်ကျော် မှ အလုပ်ရှိပါက ပြောမည်ဟု ပြန်ကြားပေးမည် ဖြစ်ကြောင်း၊ ၎င်းနောက် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁ ချိန်ခန့်တွင် ဖုန်းဖြင့် ဆက်သွယ်၍ တရုတ်နိုင်ငံသားများ သယ်ဆောင်ရန်ရှိကြောင်းနှင့် သယ်ဆောင်ခအနေဖြင့် ကျိုင်းတုံမှ တာချီလိတ်သို့ ပို့ဆောင်ပေးပါက တစ်ခေါက်လျှင် ၅၀၀,၀၀၀ သိန်း ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတရုတ်နိုင်ငံသားများအား အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့၊ Amazing
Hotel  ဘေးလမ်းကြားတွင် ယာဉ်အမှတ်(မမှတ် မိ) Ford ခဲရောင်ယာဉ်ဖြင့် လာရောက် ပို့ ဆောင်သည့် ယာဉ်ပေါ်မှ တရုတ်နိုင်ငံသား ၇ ဦး အား လွှဲပြောင်းတင်ဆောင်၍ နောင်နွန်းပူးပေါင်းစစ် ဆေးရေးဂိတ်အား ယန်းလူးလမ်းခွဲမှ ရှောင်ကွင်း ၍ ထွက်ခွာလာခဲ့ရာ မိုင်းဖြတ်မြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

      အဆိုပါ ဖမ်းဆီးရမိတရားမဝင်တရုတ်နိုင်ငံ သား ၇ ဦးအား လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်လည်း ကောင်း၊ မြန်မာနိုင်ငံသား ၁ ဦးအား လဝက အက်ဥပ ဒေပုဒ်မ ၁၃(၅)ဖြင့်လည်း ကောင်း အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ တရားခံများနှင့်အတူ မြန်မာငွေ ၅၈၀,၀၀၀ ကျပ်၊ တရုတ်နိုင်ငံသုံးငွေ ၂,၀၀၀ ယွမ်၊ မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်းစီးနှင့် လက်ကိုင်ဖုန်း ၁ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

#PAN