နေပြည်တော် ရေပန်းဥယျာဉ်တွင် သီတင်းကျွတ် Music Show နှင့် Night Market ကို ၃ ရက်တိုင် ကျင်းပမည်

      သီတင်းကျွတ်အခါသမယအတွက် နေပြည် တော်ရေပန်းဥယျာဉ်အတွင်း  မီးထွန်းပွဲတော်နှင့်အတူ သီတင်းကျွတ် Music Show နှင့်  Night Market များကို ကျင်းပရန်ရှိသည်ဟု နေပြည် တော်ရေပန်းဥယျာဉ်မှ သိရပါသည်။

     အဆိုပါပွဲတော်ကို လာမည့် အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ၃ ရက်တိုင်ကျင်းပပြု လုပ်သွားမှာ ဖြစ်ပြီး Night Market ပွဲတော်တွင် မြန်မာအစားစာ ရောင်းချမည့် မုန့်ဈေးတန်းများနှင့်အတူ ဆိုင်ခန်းပေါင်း ၃၀ ခန့် ပါဝင်မှာဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ ၈ မြို့နယ်မှ  MSME ထုတ်ကုန်များအတွက်လည်း ပြခန်း ၈ ခန်းကိုပါ ထည့်သွင်းထားသည်ဟု သိရပါသည်။

      သီတင်းကျွတ် Music Show အနေနှင့်  ရေ ပန်းဥယျာဉ်ဂိတ် (၁)ရှိ အနုပညာစင်မြင့်မှာ နိုင်ငံ ကျော်တေးသံရှင်များက ညနေ ၃ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်ပေးသွားမှာဖြစ်ပြီး ဝင်ကြေးအနေနဲ့ လူကြီး ၅,၀၀၀ ကျပ်နှင့် ကလေး ၁,၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရပါသည်။

#PAN