ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းကျေးရွာ စာသင်ကျောင်းတွင် ခိုအောင်းနေသော အကြမ်း ဖက် PDF များကို သတင်းအရ နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်းလင်း

အောက်တိုဘာ ၂၅

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ယုန်လေးကုန်းကျေးရွာ စာသင်ကျောင်းတွင်အကြမ်းဖက် PDF များခိုအောင်းနေကြောင်း သတင်းအရ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့များက သွားရောက်ရှင်း လင်းရာ အကြမ်းဖက်များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      ထိုသို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ အကြမ်း ဖက် PDF များမှာ ကစဥ်ကလျားထွက်ပြေးခဲ့ရကြောင်း၊ အဆိုပါ စာသင်ကျောင်းဝန်းအတွင်းမှ အကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်သေနတ် ၁ လက်၊ လက် လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်ဗုံးသီး ၁၅ လုံး၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ဆိုင်ကယ် ၇ စီး၊ ဒီတိုနေတာ ၂၀ ချောင်းတို့ကို  သိမ်း ဆည်းရမိကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် PDF များသည် ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းတို့တွင် အခြေပြုပြီး ကျေးရွာများမှ ဆက် ကြေးကောက်၊ အကြမ်းဖက်လှုပ်ရှားမှုများဆောင်ရွက်ကြကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များကြောင့် ကျေးရွာနေပြည်သူများအခက်အခဲဖြစ်ကြရကြောင်း၊ စာသင် ကျောင်းများ ပိတ်ထားရ၍ ကျောင်းသူ၊ကျောင်းသားများ စာသင်ကြားခွင့် ဆုံးရှုံးရကြောင်း၊ ယခုလို အခြေအနေမျိုးတွင် ကြာရှည်မနေလိုကြသဖြင့် အကြမ်းဖက် PDF များ၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့များသို့ လျှို့ဝှက် ပေးပို့ကြကြောင်း ဒေသခံရွာသားများမှ ပြောကြားလာသည်။

#PAN