ဆင်မကြီးမိုမို၏ နှစ် (၇၀) ပြည့်မွေးနေ့ပွဲ ကျင်းပမည်

အောက်တိုဘာ ၂၅

       တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှိ ပြည်သူ့အချစ် တော် ဆင်မကြီးမိုမို၏ နှစ် (၇၀) ပြည့်မွေးနေ့ပွဲကို အောက် တိုဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

      အဆိုပါမွေးနေ့ပွဲတွင် Birthday Cake ခွဲတဲ့ အစီ အစဉ်နှင့်အတူ    တိရစ္ဆာန်လေးများနှင့်အတူ ဓာတ်ပုံရိုက်ခြင်း၊ မျက်လှည့်ပြပွဲ၊ ဂိမ်းပြိုင်ပွဲများနှင့် တခြားပျော်ရွှင်စရာ အစီအစဉ်များလည်း ထည့်သွင်း ကျင်းပမှာဖြစ်ပါတယ်။

       မိုမို ဟာ ယခုနှစ်မှာ အသက် (၇၀) ပြည့်ပြီဖြစ်ပြီး သူမအသက်  ခန့်မှန်း  ၇ နှစ်မှာ  တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)သို့ စတင်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မိုမို ဟာ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ လာရောက်လည်ပတ်သူများကို အကအလှများဖြင့် ဖျော်ဖြေ ပေးခဲ့ပါတယ်။ အသက်(၆၀)  ပြည့်နှစ်မှာ  ဖျော်ဖြေရေးလုပ်ငန်းမှ အနားယူခဲ့ပြီး   မျိုး ဆက်သစ် ဆင်ငယ်လေးများကို ထိန်းကျောင်းရင်း အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) အနေနဲ့ မိုမို ရဲ့ အသက် ၆၀ ပြည့် နှစ်မှစ၍ မွေးနေ့ပွဲကို နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

       မိုမို ကို ကယားပြည်နယ် လွိုင်ကော်မြို့နေ ဦးခွန်ဆန္ဒ မှ ၁၉၆၁ ခုနှစ်တွင် တောတွင်းတစ်နေရာ၌ အဖော်မပါဘဲ တစ်ကောင်တည်း သွားနေတာကို တွေ့ရှိခဲ့တာကြောင့်    နေအိမ်သို့ခေါ်ဆောင်ပြီး   ယင်းနောက် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) သို့ ပို့ဆောင် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ တိရစ္ဆာန် ဥယျာဉ် (ရန်ကုန်)သို့ ရောက်သောအခါ မိုမို၏ ဆင်ဦးစီးမှ မိုမိုဟု အမည်ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

#PAN