မြန်မာ့သတ္တုတွင်းထွက်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ဖိုး ပြည်ပထုတ်ရောင်းထား

အောက်တိုဘာ ၂၀

       အခုဘဏ္ဍာနှစ် အောက်တိုဘာလ ပထမပတ်အထိ ၆ လကျော် ကာလအတွင်း ပြည်ပသို့ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော်ရှိသည်ဟု စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီး ဌာနမှ သိရပါသည်။

       အဆိုပါကာလအတွင်း ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှု အနေနှင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၇ သန်းနှင့် ပုဂ္ဂလိက တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃၃ ဒသမ ၂၁၁ သန်း စုစုပေါင်း တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၆၈၁ သန်း ရှိကြောင်း သိရသည်။

        ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူက သတ္တု တွင်း ထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၆ ဒသမ ၉၆၉ သန်းဖိုး ပြည်ပသို့ တင်ပို့ထားသည်။ သတ္တုတွင်းထွက်တင်ပို့မှုအနေနှင့် မြန်မာနိုင်ငံမှထွက်ရှိသော ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ငွေ၊ ကြေးနီ၊ ကျောက်မီး သွေးနှင့် အခြားသတ္တုတွင်းထွက်ပစ္စည်း အမျိုးမျိုးကို တင်ပို့နေခြင်း ဖြစ်ပါသည်။

        ယခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း မြန်မာ နိုင်ငံမှ ပြည်ပသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံကျော်ရှိခဲ့ပြီး လယ် ယာထွက်ကုန်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်ပစ္စည်းနှင့် သစ်တောထွက်ပစ္စည်း စသည့် ပို့ကုန်ပစ္စည်းများ တင်ပို့ထားပါသည်။

#PAN