ပျော်ဘွယ်မြို့နယ်တွင် NLD ပါတီ အားပေးထောက်ခံသူ ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူ ၏ နေအိမ်သို့ အမည်မသိ အကြမ်းဖက်သမား PDF များက ဓားပြတိုက်

အောက်တိုဘာ ၂၀

       မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ကျီနီကျေးရွာတွင် ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူ၏ နေအိမ်သို့ ယနေ့ နံနက် ၂ နာရီအချိန်ခန့်က အမည်မသိ အကြမ်းဖက်သမား PDF များက ဓားပြတိုက်စဥ် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

     ဖြစ်စဥ်မှာ ပျော်ဘွယ်မြို့နယ်၊ ကျီနီကျေးရွာ၊ရွာဝင်လမ်းမကြီးဘေးရှိ အိမ်အမှတ်(ကန-၃၄၀)၊အိမ်ရှင် ဦးမြင့်ဦး၊၄၈နှစ်၊(ဘ)ဦးကျော်လင်း၊အောင်ပြည့်စုံ ဆံပင်ရောင်းဝယ်ရေး လုပ်ကိုင်သူ ၏ နေအိမ်သို့ အမည်မသိ အကြမ်းဖက်သမား PDF ၅ ဦးတို့က ခေါင်းစွပ်အနက်တပ်ဆင်ထားပြီး သေနတ် အတို ၂ လက်ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာကြောင်း၊ သမီးဖြစ်သူ မသိမ့်စန္ဒီ၊၂၆နှစ်၊(ဘ)ဦးမြင့်ဦးထံမှ ငွေကျပ် ၁၃သိန်း၊သားဖြစ်သူ မောင်ပြည့်စုံ(ခ)ပြည့်စုံဦး၊၂၃နှစ်၊(ဘ)ဦးမြင့်ဦးထံမှ ငွေကျပ် ၁၇သိန်းအားလည်းကောင်း၊နေအိမ်အောက်ထပ်တွင်ထားရှိသည့် CLICK အမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁စီး(ကာလတန်ဖိုး ၄၅ သိန်းကျပ်ခန့်)၊အယ်လ်ဖာအမျိုးအစား အနက်ရောင်ဆိုင်ကယ် ၁စီး(ကာလ တန်ဖိုး ကျပ်သိန်း ၂၀ ခန့်)၊Redmi Note 5 အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး(ကာလတန်ဖိုး ၁၅၀,၀၀၀ ကျပ်ခန့်)၊Redmi Note 11 Pro အနက်ရောင်လက်ကိုင်ဖုန်း ၁လုံး(ကာလတန်ဖိုး ၆သိန်းကျပ်ခန့်)တို့အား ယူဆောင်၍ နေအိမ်အတွင်းမှ ခြံဝင်းအပြင်သို့ ထွက်ခွာစဥ် သံတံခါးအရောက်တွင် မျက်နှာချင်းဆိုင် လမ်းတစ်ဖက် ခြံဝင်းအတွင်းရှိနေသည့် ထွန်းမင်းပိုင်၊၃၁ နှစ်၊(ဘ)ဦးအေးလွင်ပါ ၆ ဦးအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့တားဆီးရာ အကြမ်းဖက်အဖွဲ့က သေနတ်အတို ၂ လက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

     ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထွန်းမင်းပိုင် တွင် ဝမ်းဗိုက် ပေါက်ထွက်ဒဏ်ရာ ၁ ချက် (စိုးရိမ်ရ) ရရှိခဲ့ပြီး ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံမှတဆင့် မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

      လုယက်ခံရသည့် ဦးမြင့်ဦးနှင့် သေနတ်ထိမှန်ဒဏ် ရာရရှိသူ ထွန်းမင်းပိုင် တို့မှာ NLD ပါတီ အားပေးထောက်ခံသူများဖြစ်ကြောင်းနှင့် အကြမ်းဖက်များ သည် လက်နက်အားကိုးဖြင့် ဓါးပြတိုက်ငွေရှာသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာကြ ပါသည်။

#PAN