ပေါက်ခေါင်းမြို့နယ်၊ အရာတော်ကျေးရွာအုပ်စု၏ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ အား ပျူစောထီး ဒလန်ဟု စွပ်စွဲကာ လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ ည အချိန်မတော် သေနတ်ဖြင့်လာရောက် ပစ်ခတ်သတ်ဖြတ်

အောက်တိုဘာ ၂၀

ပဲခူးဒေသကြီး(အနောက်)၊ ပြည်(ခရိုင်)၊ ပေါက်ခေါင်းမြို့နယ်၊ အရာတော်ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာရှိ (အဘ)ဦးအောင်ခင်၏သား ဦးလှဝေ(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)အား ပျူစောထီး(ဒလန်)ဟု စွပ်စွဲပြီး၊ ယမန်နေ့ နံနက် ၁၂ နာရီနှင့် ၁ နာရီအကြားတွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များမှ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဦးလှဝေ(ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ)သည် ၎င်း၏ အိမ်၌ရှိနေစဉ် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က နန်းထိုက်အောင် စစ်ဆင်ရေး လို့ အမည်ပေးထားပြီး၊ ညအချိန်မတော်ကြီး လာရောက် သတ်ဖြစ်သွား ကြတာလို့ ဒေသခံများထံမှကြားသိရပါသည်။ 

ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG မှ မွေးမြူခဲ့သော လူသတ်အကြမ်းဖက် PDF များသည် ”စစ်အာဏာရှင် တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး”စသည့် ကြွေးကြော်မှုဖြင့် အရပ်သားပြည်သူများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ် ခြင်း၊ ဓားပြတိုက် လုယူခြင်းစသည့် အကြမ်းဖပ်လုပ်ရပ်များကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေကြပြီး  ”ငါနဲ့မတူ ငါ့ရန်သူ”ဆိုသည့် အကြမ်းဖက်ဝါဒဖြင့် အရပ်သား ပြည်သူများကို ယခုလို သတ်ဖြတ်ခြင်းများ ပြုလုပ်နေခြင်းအပေါ် ပြည်သူအများက လက်မခံတော့ဘဲ စက်ဆုပ်ရွံရှာလာကြသဖြင့် နီးစပ်ရာ တပ်မတော် လုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက် သတင်းပေး တိုင်ကြားလာမှုများ ရှိလာကြကြောင်း သိရပါသည်။ 

#PAN