မုံရွာမြို့နယ်နှင့် အရာတော်မြို့နယ်အတွင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရာ အကြမ်း ဖက် များ၏ လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက် PDF ၄ ဦးကို အသေဖမ်းဆီးရမိ

အောက်တိုဘာ ၁၈

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောပုကျေးရွာအနီး ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် တောပုကျေးရွာအနီးတဝိုက် လှည့်ကင်းဆောင်ရွက်နေသော ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရန်ရောက် ရှိနေသော အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF ၁ ဦးကို လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၁၅ လုံး၊ ဆိုင်ကယ်ဘက္ထရီ ၁ လုံး၊ ဝါယာကြိုး ၅ ခွေ တို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

       အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ အောင်သာကုန်းကျေးရွာအနီးတွင် အောက် တိုဘာလ ၁၆ ရက် နံနက် ၈ နာရီအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေ ရှင်း လင်းရေးဆောင်ရွက်နေစဉ် မသင်္ကာဖွယ်ရာ လူနေတဲများတွေ့ရှိရ၍ ပစ်ခတ်ရှင်းလင်းရာ အကြမ်း ဖက် PDF များ ကိုယ်လွတ်ရုန်း ဆုတ်ခွာ ထွက် ပြေးကြရကြောင်း သိရပါသည်။

       ထိုသို့ ပစ်ခတ်ရှင်းလင်းရာမှ အကြမ်းဖက် PDF များ၏ လက်လုပ်သေနတ်(အရှည်) ၁ လက်၊ ၁၂ ဗို့ကျည် ၈ တောင့်၊ လက်လုပ်စိန် ပြောင်းဗုံးသီး ၄ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံး၊လူနေတဲ ၂ လုံး၊ ပြောက် ကျားအင်္ကျီ ၃ ထည်၊ PDF တံဆိပ်ပါအင်္ကျီ ၃ ထည်၊ ဆိုင်ကယ် ၁ စီးတို့နှင်အတူ အကြမ်းဖက် PDF ကျား ၂ ဦးး၊ မ ၁ ဦးတို့ကို အသေဖမ်းဆီးရမိကြောင်း သတင်း ရရှိပါသည်။

#PAN