စစ်ကိုင်းမြို့ရှိ DENKO ဆိုင်အနီးတွင် ဇနီးမောင်နှံနှစ်ဦးကို အကြမ်းဖက် PDF များက သေနတ်ပစ်ပြီး ၎င်းတို့၏ မော်တော်ဆိုင်ကယ်များကို ယူဆောင်သွား

အောက်တိုဘာ ၁၆

      စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ကျောက်ဆည်ကျေးရွာ၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီးတွင် ဆင်တပ်ကျေးရွာ၊စစ်ကိုင်းမြို့နေသူ ဇနီးမောင်နှံဖြစ်ကြသော ဦးခိုင်မင်းထွန်း၊ ၃၅ နှစ်နှင့် ဒေါ်ဝင်းမာ၊ ၃၆ နှစ်တို့နှစ်ဦးကို အကြမ်းဖက် PDF များက ယမန်နေ့ နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်ပြီး ၎င်းတို့၏ မော်တော် ဆိုင်ကယ်များကို ယူဆောင်သွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မုံရွာ-စစ်ကိုင်း- မန္တလေးကားလမ်းအတိုင်း စစ်ကိုင်းဘက်မှ မုံရွာဘက်သို့ ဇနီးမောင်နှံနှစ်ဦးမှာ မော်တော် ဆိုင်ကယ်တစ်စီးစီဖြင့် မောင်းနှင်လာပြီး ၎င်းတို့၏ မော်တော်ယာဉ်နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာသည့် အကြမ်း ဖက် PDF များက DENKO စက်သုံး ဆီအရောင်းဆိုင်အနီးအရောက်တွင် ထိုဇနီး မောင် နှံနှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ပြီး ၎င်းတို့၏မော်တော် ဆိုင်ကယ်များကို ယူဆောင်သွားခြင်းဖြစ်သည်။

      သေနတ်ပစ်ခတ်ခံရသည့် ဦးခိုင်မင်းထွန်းနှင့်ဒေါ်ဝင်းမာ တို့ ဇနီးမောင်နှံနှစ်ဦးတွင် ဦးခေါင်းနှင့် ရင်ဘက်တို့တွင် ကျည်ထိဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN