အစ္စရေး-ပါလက်စတိုင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ ၃၀၀၀ ကျော်ရှိလာ

အောက်တိုဘာ ၁၅

        အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ္မစ်စစ် သွေး ကြွအဖွဲ့ ဟားမတ်စ်တို့အကြား ဖြစ်ပွားလျက်ရှိသည့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေ အတွက် ၃၀၀၀ ကျော်ရှိလာခဲ့ကြောင်း ယမန်နေ့ အင်န်အိတ်ချ် ကေသတင်းတစ်ရပ်အရ သိရသည်။

ထုတ်ပြန်ကြေညာ

        အဆိုပါတိုက်ခိုက်မှုကြောင့် ဂါဇာကမ်း မြောင်ဒေသတွင် သေဆုံးသူ ၁၉၀၀ ကျော်ရှိကြောင်း ပါလက်စတိုင်း ကျန်းမာရေးအာဏာပိုင်များက အောက် တိုဘာ ၁၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

         ထို့ပြင် အစ္စရေးဘက်ခြမ်းတွင်လည်း ယင်း
တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၃၀၀ သေဆုံးခဲ့
ကြောင်း အစ္စရေးစစ်ဘက်က ပြောကြားသည်။

#PAN