တပ်မတော်တွင် စတုတ္ထအကြိမ် အသည်းအစား ထိုးခွဲစိတ်ကုသ

အောက်တိုဘာ ၁၅

        တပ်မတော်တွင် ပထမအကြိမ် အသည်းအစား ထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစား ထိုးလူနာ နှစ်ဦးကိုလည်းကောင်း၊ ဒုတိယအကြိမ် အသည်းအစား ထိုးခွဲစိတ်ကုသမှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်၊ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်တို့တွင် အသည်းအစား ထိုးလူနာ သုံးဦးကို လည်း ကောင်း၊ တတိယအကြိမ်အသည်းအစားထိုး ခွဲ စိတ်ကုသမှုကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်အထိလည်းကောင်း အောင် မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

        ယခုအခါ စတုတ္ထအကြိမ်အသည်းအစားထိုး ခွဲ စိတ်ကုသမှုကို လူနာ သုံးဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ရာ ပထမနေ့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀) အထူးကုသမှုစင်တာ၌ ဆောင်ရွက်ခဲ့သည်။

       အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့ နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး လူနာအလုပ်သင်ဗိုလ် ဇော်မင်းလတ်(ငြိမ်း)နှင့်တူဖြစ်သူ အသည်းအလှူရှင် ကိုငြိမ်းချမ်းအောင်တို့ကိုခွဲစိတ်ကုသခဲ့ခြင်းဖြစ်သည်။

        အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာ တွင် အသည်းအလှူရှင် လူနာထံမှအသည်းထုတ်ယူခြင်းကို နံနက် ၇ နာရီ မိနစ် ၅၀ တွင် စတင်ခဲ့ပြီး ထုတ် ယူရရှိသော အသည်းကို ညနေ ၃ နာရီခွဲခန့်တွင် အသည်းလက်ခံ လူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် ၁၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်းကျန်းမာရေး အခြေ အနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သောပြုစုကုသမှုများကို သက်ဆိုင် ရာ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု / ကျွမ်းကျင်သူများက ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

        အသည်း အစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့် ရှုအားပေးခဲ့ပြီး အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

#PAN