စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့ သိန်းချောင်းကျေးရွာရှိ စာသင်ကျောင်း အတွင်းမှ အကြမ်းဖက် PDF များ၏ လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

အောက်တိုဘာ ၁၅

        ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားတောင်မြို့၊ သိန်းချောင်းကျေးရွာအား တာဝန်သိပြည်သူ ဒေသခံရွာသားများ၏ သတင်း ပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေးစိတ်ဝင်ရောက်ရှင်းလင်းရာ စာသင်ကျောင်းအတွင်း၌ အကြမ်း ဖက် PDF များ သိုဝှက်ထားသော လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။

        အဆိုပါ စာသင်ကျောင်းအတွင်း အကြမ်းဖက် PDF များသိုဝှက်ထားသော လက်လုပ်သေနတ် (အရှည်) ၃ လက်၊ လက်လုပ်စိန်ပြောင်း (၃ လုံးတွဲ) ၁ လက်၊ လက်လုပ်ဗုံးသီးမျိုးစုံ ၂၂ လုံး၊ လက်လုပ်ဗုံးသီးဒလက် ၁၄ ခု၊ လက်လုပ်မိုင်း ၆ လုံး၊ ယမ်းမည်း(၁၅ ပိဿာခန့်) ၁ အိတ်၊ယမ်းဖြူ(၁၅ ပိဿာခန့်) ၁ အိတ်၊ ယမ်းကြိုးခွေ ၁ ခွေ၊ NLD အလံ ၁ ထည်၊ ဆိုင်ကယ် ၂ စီး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဝရိန်ပုံး ၁ ပုံးတို့ကို သိမ်း ဆည်းရရှိကြောင်း သတင်းရရှိပါသည်။

        စစ်ကိုင်းတိုင်းဒေသအတွင်းရှိ အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက သည်းမခံနိုင်တော့သဖြင့် ၎င်းတို့ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ ပေးပို့လာခြင်းဖြင့် နယ်မြေအေးချမ်းရေးအတွက် ပူးပေါင်ဆောင်ရွက်လာကြပါသည်။

        ထိုသို့  ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုများ ရှိနေချိန်တွင် အကြမ်းဖက် PDF များတွင် ထောက်ပံငွေရရှိရန် ခက်ခဲလာခြင်းနှင့်အတူ လက်နက်ခဲယမ်းများ ဝယ်ယူဖြည့်တင်းနိုင်ခြင်းမရှိတော့ကြောင်း၊ ထိုသို့ လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရန် အခက်အခဲဖစ်ပေါ်နေချိန် ယခုလို လက်နက်၊ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးလိုက်ရသဖြင့် တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များကို ရင်ဆိုင်တိုက်ခိုပ်နိုင်စွမ်းမရှိတော့ဘဲ ဖရိုဖရဲထွက်ပြေးနေကြရကြောင်း၊ မကြာမီကာလတွင် အကြမ်းဖက် PDF များ၏ ဘဝနိဂုံးချုပ်တော့မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း​ဒေသကြီးအတွင်းမှ ဒေသ ခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN