ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသတွင် နယ် မြေရှင်းလင်းနေသာ နယ်မြေခံလုံခြုံရေးအဖွဲ့သည်PDF အသွင်ယူ၍ ဘုန်းတော်ပြည့်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်း အကြမ်းဖက်များ၏ လက်နက်၊ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့် ယာဥ်များကို သိမ်းဆည်းရမိ

အောက်တိုဘာ ၁၃

              မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ ဘုန်းတော်ပြည့်အုပ်စု ၊ကျောက်ဖူးရွာရှိ ဗောဓိရိပ်သာကျောင်းကို သတင်းအရ ယမန်နေ့တွင် နယ်မြေခံလုံခြုံရေးအဖွဲ့များက သွား ရောက်ရှင်းလင်းခဲ့ရာ အကြမ်း ဖက်များက ကြိုတင်ရှောင်တိမ်းသွားခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

      အဆိုပါ နယ်မြေခံလုံခြုံရေးအဖွဲ့များက ထိုသို့နယ်မြေရှင်းလင်းရာတွင် PDF အသွင်ယူဆောင် ရွက်ခဲ့ရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင်လည်း  ရေစကြိုမြို့နယ်၊ ရေလည်ကျွန်း၊ဘုန်းတော်ပြည့်ကျေးရွာရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များကို မတွေ့ရဘဲ ၎င်းတို့၏ လက်နက်၊ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့် ယာဥ်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

        အဆိုပါ စာသင်ကျောင်းအတွင်းမှ အကြမ်း ဖက် PDF များ၏ လက်လုပ်သေနတ် အရှည် ၂၂ လက်၊လက်လုပ်မိုင်း မျိုးစုံ ၂၉ လုံး၊ ယမ်းပျော့ ၁၀ ချောင်း၊ ယမ်းအမှုန့် ၁ ပိဿာ၊ တွင်ခုံ ၁ ခု၊ ဝရိန်စက် ၁ လုံး ၊ မိုင်းဖောက်ခွဲရန် အသုံးပြုသောပစ္စည်းမျိုးစုံ သံသေတ္တာ ၁လုံး၊ သံညှပ်ခုံ ၁ခု ၊ ဝရိန်ချောင်း ၅ဝ ချောင်း၊ ကျောက်စက် ၁ လုံး၊ဖောက်စက် ၁လုံး ၊ ၂ပင်လိမ် ဝါယာကြိုး ၃၀၀ ပေခန့် ၁ ခွေ၊ ဆေးမျိုးစုံ စာလာအိတ် ၁အိတ်၊ ဆန် ၂အိတ်၊ ပုလဲဓာတ်မြေသြဇာ ၅ အိတ်၊ မီးရှို့ စနက်တံ ၁၅၀ ချောင်း၊ ဒီတိုနေတာ ၅၀ ချောင်း၊ရေစက် ၁လုံး၊ မီးစက် ၁လုံး၊၂၀ဦးဆန့် ထန်း လက်မိုး ထရံကာကာ တဲ ၂ လုံး၊ AD Van အမျိုးအစား ကား ၁ စီး၊ထော်လာဂျီ ၁ စီး တို့ကို သိမ်း ဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် PDF များတွင် လက်နက်၊ ခဲယမ်း ကိုင်ဆောင်ရန် အလုံအလောက်မရှိသဖြင့် တပ်မတော်စစ်ကြောင်း၊ နယ်မြေလုံခြုံရေးအဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းမရှိဘဲ တိမ်းရှောင်ထွက်ပြေးနေရကြောင်း၊ ယခုလို ၎င်းတို့၏ လက်နက်ခဲယမ်းများ လက်လွတ်ဆုံးရှုံးလိုက်ရသဖြင့် အကြမ်းဖက်တိုက်ပွဲ ဆင်နွဲရန် ပိုမိုခက်ခဲလာကြောင်း သိရပါသည်။

#PAN