အိန္ဒိယက မြေပြင်မှမြေပြင်ပစ် ဘရာမို့ဒုံးကျည်ကိုအောင်မြင်စွာ စမ်းသပ်နိုင်

အောက်တိုဘာ ၁၂

       အိန္ဒိယလေတပ်က ၎င်းတို့၏ ပြည်တွင်းဖြစ် ဘရာမို့ ဒုံးကျည်များအနက် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် အမျိုးအစားကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ကြောင်း အောက်တိုဘာလ ၁၁ ရက်တွင် ထုတ် ပြန် သည်။

       အဆိုပါ စမ်းသပ်မှုကို မကြာသေးမီက အရှေ့ပိုင်းကမ်းခြေ ကျွန်းစုအနီး၌လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ ဒုံးကျည်ကို ပစ်ခတ်မှုသည် အောင် မြင်ပြီး ရည်မှန်းချက်များအားလုံးကို ရရှိခဲ့ကြောင်း အိန္ဒိယလေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

        ထို့ပြင် အိန္ဒိယလေတပ်သည် အဆိုပါ ဒုံး ကျည်ကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်သည့်အကြောင်း ရိုက်ကူးထားသော ဗီဒီယိုအတို တစ်ပုဒ်ကိုလည်း လူမှုကွန်ရက်တွင် တင်ထားသည်။ ဘရာမို့ဒုံးကျည် အမျိုးအစားသည် တာလတ်ပစ် အသံထက်မြန်အနိမ့်ပျံ ဒုံးကျည်အမျိုးအစားဖြစ်ပြီး ရေငုပ်သင်္ဘော၊ ရေတပ်သင်္ဘော၊ တိုက်လေ ယာဉ်နှင့် မြေပြင်မှ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN