ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သဲကုန်းမြို့ ၊ သဲကုန်းမြို့မဈေးအတွင်းတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင်တစ်ဦးအား လူသတ်အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်


အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သဲကုန်းမြို့ ၊ ရပ်ကွက်(၁)၊ သဲကုန်းမြို့မဈေးအတွင်းတွင် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF ၂ ဦးမှ  လူ ၁ ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဦးစိုးအောင် အသက် ၆၀ ၊(ဘ)ဦးမြဟန်(သဲကုန်းမြို့နယ် ပြည့်သူ့ လွတ်တော် ကိုယ်စားလှယ်ဟောင်း၊ ယခု ပြည်ခိုင်ဖြိုးပါတီ တိုင်းပါတီကော်မတီဝင်)၊ ရပ်ကွက်(၁)၊ ပြင်ဦးလွင်လမ်း၊ သဲကုန်းမြို့နေသူသည် သဲကုန်းမြို့မဈေးအတွင်းသို့ ဈေးဝယ်သွားရောက်စဉ် ဆိုင်ကယ်အမျိုးအစား(စီစစ်ဆဲ) ၁ စီးဖြင့်(အမည်မသိ) လူသတ်အကြမ်းဖက် သမား ၂ ဦးမှ သေနတ်(စီစစ်ဆဲ)ဖြင့်  ၂ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းနောက်စေ့ ဒဏ်ရာ ၁ ချက်၊ ဝဲနားအထက်ဒဏ်ရာ ၁ ချက်၊ (စိုးရိမ်ရ)၊ ဒဏ်ရာများရရှိခဲ့သဖြင့် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ရွှေတောင်မြို့၊ အမှတ်(၆)၊ ကုတင်(၁၀၀)၊ စစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ပြီး နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ၎င်း ဒါဏ်ရာ များကြောင့် သေဆုံးသွားခဲ့ရကြောင်း၊ အထက်ပါ အကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ်အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နားလည်ကြပြီး ၎င်းအကြမ်းဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။
#PAN