


အောက်တိုဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့ နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊၉လမ်း၊ ၇၉×၈၀ လမ်းကြားတွင် အမှတ်(၄)နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်သား မိုးစန်းဦး၊ ၃၂နှစ်၊(ဘ)ဦးကျော်ဖြိုး ကို အကြမ်း ဖက်သမား PDF နှစ်ဦးက ယနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်တွင့် သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ အမှတ်(၄)နယ်မြေရဲစခန်းမှ အမရဌာနီအရှေ့ရပ်ကွက်၊နယ်ထိန်း ရဲတပ်သား မိုးစန်းဦးသည် ရပ်ကွက်အတွင်း နယ်မြေသတင်းစုံစမ်းကာ မော်တော် ဆိုင်ကယ်ဖြင့် ၉ လမ်းအတိုင်း အရှေ့မှ အနောက်သို့ တစ်ဦးတည်းမောင်းနှင်လာစဥ် လားရာတူ လမ်းအတိုင်း CZl ဆိုင်ကယ်အနက်ရောင်၊ယာဥ်အမှတ် (စိစစ်ဆဲ)ဖြင့် အကြမ်း ဖက် PDF လူငယ်နှစ်ဦး လိုက် ပါလာပြီး ဆိုင်ကယ်၏ အနောက်မှထိုင်လျက် လိုက်ပါလာသူ လူငယ်တစ်ဦးက ရဲတပ်သား မိုးစန်းဦး အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်မောင်းနှင် ထွက် ပြေးသွားခြင်းဖြစ်ကြောင်း သိရပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ် သား မိုးစန်းဦး၏ ဝဲ-နားရွက်အထက် ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးအရောက်တွင် ရဲတပ်သား မိုးစန်းဦးမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN