ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးကို တာ့ခ်ခရိုင် လဝက က ဖမ်းဆီး

အောက်တိုဘာ ၆

   ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် တရားမဝင် ဝင်ရောက်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ် ရေးဌာနက  ပြောပါသည်။

      မဲဆောက်မြို့ရှိ တရားမဝင်နိုင်ငံသားများရှိရာ နေရာများကို   စီမံချက်နှင့် ဝင်ရောက်စီးနင်းခဲ့ပြီး တရားဝင် အထောက်အထားမရှိသည့် မြန်မာ နိုင်ငံ သား ၆ ဦးကို ယမန်နေ့က ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ပြောပါသည်။

      ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို  နိုင်ငံအတွင်း တရားဝင် အထောက်အထား စာရွက်စာ တမ်းမရှိဘဲ ဝင်ရောက်နေထိုင်မှုနှင့် အရေးယူ ဆောင်ရွက်သွားမည်ဟု တာ့ခ်ခရိုင် လူဝင်မှုကြီး ကြပ်ရေးဌာန ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

#PAN