မြင်းခြံမြို့နယ်၊ပတ္တာကျေးရွာအနောက်ဘက် ၁မိုင်ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းစပ်တွင် ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်နှင့် ကျေးရွာ ဆယ်အိမ်ခေါင်း တစ်ဦးဖြစ်သူကို အကြမ်းဖက် PDF များက ဖမ်းဆီးသတ်ဖြတ်

အောက်တိုဘာ ၅

      မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ပတ္တာကျေးရွာအနောက်ဘက် ၁မိုင်ခန့်အကွာ ဧရာဝတီမြစ် အရှေ့ဖက်ကမ်းစပ်တွင် ဦးနိူင်ဦး၊၅၀နှစ်၊(ဘ)ဦးကျော်လင်း ကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပသ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

      အောက်တိုဘာလ ၃ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်က ပတ္တာကျေးရွာအတွင်း အကြမ်းဖက် သမားများ ဝင်ရောက်လာကာ ဦးနိူင်ဦး ကို ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊သာပေါင်းကျေးရွာအုပ် စု၊ပတ္တာကျေးရွာတွင် အမျိိုးသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာမှ ဦးနိူင်ဦး ကို ယာ – နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ – တံတောင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေ သည်ကို တွေ့ရှိခဲ့ရသည်။

       အဆိုပါ သေဆုံးသူ ဦးနိူင်ဦး သည် ပတ္တာကျေးရွာ ဆယ်အိမ်ခေါင်း တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ရပ်/ ကျေးကော်မတီဝင်တစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

        ပြည်ပြေး အကြမ်းဖက် NUG ၏ လက်ဝေခံ အကြမ်းဖက် PDF အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော် လည်း ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့်  လက်နက်မဲ့ ရပ်ကျေးအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေခြင်းဖြစ်သည်။

#PAN